ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ကြော်ငြာစာအမှတ်၊ ၃/၂၀၁၈ ရှိ ၀န်ကြီးဌာန (၇)ခုမှ လစ်လပ်ရာထူးစုစုပေါင်း(၁၈၈)နေရာအတွက် ပဏာမစစ်ဆေးခြင်း ( Screening Test ) စာမေးပွဲအောင်မြင်ပြီးနောက် ဒုတိယအဆင့်ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ ခုံအမှတ်စာရင်းကြေညာခြင်း


Union Civil Service Board/ Naypyidaw / January 09, 2019


မွန်ပြည်နယ်စာစစ်ဌာနအတွက် အသိပေးကြေညာချက်

ပထမအဆင့် ပဏာမစစ်ဆေးခြင်း(Screening Test) ရေးဖြေစာမေးပွဲ အောင်မြင်သူများအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို အထက( ၉ ) မော်လမြိုင်၌ ကျင်းပမည်ဖြစ်ပါသည်။

ဖြေဆိုခွင့်ကတ်ပြားများကို ၁၇– ၁ ၂၀၁၉ ရက်(ကြာသပတေးနေ့)နှင့် ၁၈– ၁ ၂၀၁၉ ရက် (သောကြာနေ့) တို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသည်။  Download ရယူရန်

 

မကွေးတိုင်းဒေသကြီးစာစစ်ဌာနအတွက် အသိပေးကြေညာချက်

ပထမအဆင့် ပဏာမစစ်ဆေးခြင်း(Screening Test) ရေးဖြေစာမေးပွဲ အောင်မြင်သူများအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို အထက(၁)မကွေး၌ ကျင်းပမည်ဖြစ်ပါသည်။

ဖြေဆိုခွင့်ကတ်ပြားများကို ၁၇– ၁ ၂၀၁၉ ရက်(ကြာသပတေးနေ့)နှင့် ၁၈– ၁ ၂၀၁၉ ရက် (သောကြာနေ့) တို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသည်။ Download ရယူရန်