YBPS Training တက်ရောက်ထားသော အင်ဂျင်နီယာ/ဗိသုကာများ ဆောက်လုပ်ခွင့်အမှုတွဲများအား Online System ဖြင့်သာ တင်ပြပေးပါရန် အသိပေးနှိုးဆော်ချက် အများသိစေရန်ကြေညာချက်


Yangon City Development Committee/ location / December 20, 2019


 

​​​​​​​YBPS Training တက်ရောက်ထားသော အင်ဂျင်နီယာ/ဗိသုကာများ ဆောက်လုပ်ခွင့်အမှုတွဲများအား Online System ဖြင့်သာ တင်ပြပေးပါရန် အသိပေးနှိုးဆော်ချက် အများသိစေရန်ကြေညာချက်​​​​​​​

 

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမိန့် ရယူရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံသူများပိုမိုလွယ်ကူမြန်ဆန်စေရန် လက်ရှိကျင့်သုံးနေသော ဆောက်လုပ်ခွင့်ပြုမိန့်စနစ် အား Risk Based System ဖြင့် ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဇွန်လမှ စ၍ အမှုတွဲများ လက်ခံဆောင်ရွက်ရာတွင် Building Categorization Matrix (BCM) အား အသုံးပြုကာ Risk ခွဲခြားသတ်မှတ်၍ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့(BCM)အား အသုံးပြုကာ Risk ခွဲခြား သတ်မှတ်၍ အဆောက်အအုံဆောက်လုပ်ခွင့်ပေးခြင်းအား ပိုမို လျင်မြန်လွယ်ကူပြီးထိရောက်မှုရှိစေရန် နိုင်ငံတကာနည်းတူ ICT နည်းပညာသုံး Automation System (online submission) စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ရန်အတွက် အင်ဂျင်နီယာ/ ဗိသုကာ ဦးရေ(၆၀၀)ကျော်အား Training ဆောင်ရွက်ပေးပြီး Pilot Test Phase of Yangon Building Permit System (YBPS) အား ၁-၇-၂၀၁၉ ရက်နေ့မှစ၍ အမှုတွဲလက်ခံ ဆောင်ရွက်လျက်ရှိပါသည်။

၂။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် Full Launch ဆောင်ရွက်ရန် လျာထားလျက်ရှိရာ System အား ပိုမိုချောမွေ့ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် အင်ဂျင်နီယာ/ ဗိသုကာများမှ System အား အသုံးပြုပေးရန် လိုအပ်ပါသည်။ Pilot Test Phase တွင် Online မှ တင်ပြသောဆောက်လုပ်ခွင့်အရေအတွက်မှာ Training တက်ရောက်ထားပြီးသောအင်ဂျင်နီယာ/ ဗိသုကာအရေအတွက်နှင့်နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါးနေပါသဖြင့် Training တက်ရောက်ပြီး သူများမှ Online System ဖြင့်သာ တင်ပြပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပါရန် နှိုးဆော်အပ်ပါသည်။

 

အတွင်းရေးမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
အဆောက်အဦဆိုင်ရာလုပ်ငန်းတာ၀န်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ