ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ


Ministry of Information/ ​နေပြည်တော် / May 25, 2020
image_latest


နေပြည်တော် မေ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ နှစ်ခြင်း IDP စခန်းသို့ သွားရောက်၍ Hand Speaker (၁)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်း ထားသော Memory Stick (၁)ခု၊ အပူချိန်တိုင်း ကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ ထုံး (၁၀) အိတ် ၊ ဆပ်ပြာ (၇၈၃) ခဲ ၊ လက်သန့်ဆေးရည် (၃၅၄) ဗူး၊ အဝတ် Mask (၁၅၆၆)ခုတို့အား ထောက်ပံ့ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်းကုလားကျေးရွာ အုပ်စုဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်း ကျေးရွာ အရှေ့ဘက်ကျေးရွာပိုင်ဘုံမြေနေရာ၊ မြို့သစ်ရပ်ကွက်မြို့နယ် သာသနာ့ ဗိမာန်၊ ပြည်တော်သာ ရပ်ကွက်ခရစ်တော်အသင်းကျောင်း၊ မြို့မ(အ.ထ.က)စာသင် ကျောင်း၊ ပိုက်သည်ရပ်ကွက်၊ မဟာကံကြီးသျှင်ဘုရား၊ မြို့သစ်ရပ်ကွက်နေပူခံတိုက်ပွဲရှောင်စခန်း၊  ပြည်တော်သာ ရပ်ကွက် (အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က(၃) စာသင်ကျောင်း စုစုပေါင်း တိုက်ပွဲရှောင်စခန်း (၁၁)ခုတို့တွင် ဆပ်ပြာ(၂၇၂၇)တောင့်၊ Surgical Mask (၅၄၅၄)၊ ထုံးအိတ် (၂၁၀) ၊ လက်ဆေးစင်(၂၁)ခုတို့အား ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,