ကယားပြည်နယ် ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော မြေယာ ရှုခင်းများကို လိုက်လံကြည့်ရှုစစ်ဆေး

ကယားပြည်နယ် ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော မြေယာ ရှုခင်းများကို လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / May 26, 2020
image_latest


လွိုင်ကော် မေ ၂

ကယားပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့ စိမ်းလန်းသာယာ လှပစေရန် ပန်းဥယျာဉ် မြေယာရှုခင်း ဆောင်ရွက်ထားမှုများ၊ ကော်ဖီပျိုးဥယျာဉ် ဆောင်ရွက်ထားရှိမှုများကို ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယမန်နေ့ညနေ (၅)နာရီအချိန်တွင် လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ စိမ်းလန်းသာယာပြီး မြို့တော်၏ အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာ လှပရေး၊ ကဏ္ဍစုံ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လွိုင်ကော်-ပင်လောင်း အဝေးပြေးလမ်းမကြီး၊ လွိုင်ကော်-ရှားတော လမ်းမကြီးများ၏ ဘေးမြေကွက်လပ် နေရာများတွင် ဆောင်ရွက်လျက်ရှိသော ယာယီ ပန်းဥယျာဉ် လုပ်ငန်း၊ ပျိုးဥယျာဉ် လုပ်ငန်း၊ ပရိဘောဂ အရောင်းပြခန်း၊ လွိုင်ကော်လေဆိပ် မြေယာရှုခင်း၊ ကော်ဖီပျိုး ဥယျာဉ်လုပ်ငန်းများကို အပိုင်းလိုက် တာဝန်ယူ ဆောင်ရွက်နေသော ကုမ္ပဏီများမှ ရှင်းလင်း ပြသမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး စာချုပ်တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး၊ အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ယာယီ ပန်းဥယျာဉ်လုပ်ငန်း၊ ပျိုးဥယျာဉ် လုပ်ငန်းတည်ဆောက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်အတူ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန် ရှိသူများလိုက်ပါ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဦးဇော်မင်းထွန်း

HOT NEWS
January 4,