ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)အောက်ကလေးများအား ထောက်ပံ့ငွေနှင့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)အောက်ကလေးများအား ထောက်ပံ့ငွေနှင့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်


Ministry of Information/ ​နေပြည်တော် / January 18, 2020
image_latest


ဖာပွန်  ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဖာပွန်ခရိုင်စုပေါင်းရုံး ယွန်းစလင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ ထောက်ပံငွေနှင့် လူမှုပင်စင်များ ပေးအပ်ခဲ့သည်။

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ဖာပွန်မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများမှ ဒေသခံ ပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ဒေသ၏အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရန် ပြောကြားရာ ဒေသခံများက ၎င်းတို့ဒေသ၌ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ယွန်စလင်းမြစ်ကမ်းပြိုမှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် ရေစီးရေလာကောင်းမွန်ရေးနှင့် မြစ်ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးရန်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖာပွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၆၆၃)ဦး၊ အသက်(၂)နှစ် အောက်ကလေးသူငယ်(၉၅၁)ဦး၊ စုစုပေါင်း(၁၆၁၄)ဦးအတွက် ထောက်ပံ့ငွေနှင့်  အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အို (၁၇၈)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ထောက်ပံငွေ ၄၅၀၀၀ိ/-  ကျပ်စီကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ဖာပွန်ခရိုင်၊ကမမောင်းမြို့ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ ထောက်ပံငွေပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ကမမောင်းမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၄၆၇)ဦး၊ ကလေး(၆၉၈)ဦး၊ စုစုပေါင်း(၁၁၆၅)ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

HOT NEWS
January 4,