တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၃/၂၀၂၀) အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၃/၂၀၂၀) အစည်းအဝေးကျင်းပ


Ministry of Information/ တနင်္သာရီတိုင်းဒေသကြီး / July 02, 2020
image_latest


ထားဝယ်    ဇူလိုင်  ၂

တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၃/၂၀၂၀) အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် တခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်ထုတ်စွမ်းအား၊ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ထိခိုက်မှုများရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းစီးပွားရေး ကျဆင်းမှုကိုကျော်လွှားနိုင်ရန်အတွက်ကိုဗစ်-၁၉စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ရေးဆွဲဆောင်ရွက် ထားရှိပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး စသည်များ ဦးမော့လာစေရေး လုပ်ငန်းရှင်များအတွက် မြန်မာ့စီးပွားရေးဘဏ်က ချေးငွေများ အတိုးနှုန်းလျော့ချ၍ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး GDP ရည်မှန်း ချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ နိုင်ငံပိုင်အခန်းကဏ္ဍလုပ်ငန်း စီမံချက်များကို သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားနိုင်ရေး တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက စီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးသို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဒေါ်ရီရီချို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)

HOT NEWS
January 4,