ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများသို့ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများသို့ ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / November 11, 2019
image_latest


နေပြည်တော် နိုဝင်ဘာ  ၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် နိုဝင်ဘာ ၉ ရက်တွင် မကွေးတိုင်း ဒေသကြီး မကွေးပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ စီမံကိန်းတာဝန်ရှိသူက မကွေးပင်မဓာတ်အားခွဲရုံ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံ စီမံကိန်း လုပ်ငန်းများအား ဒုတိယဝန်ကြီးကဓာတ်အား စနစ်တည် ငြိမ်ကောင်းမွန်စေရေး၊ ဗို့အား ပြည်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံSwitchYardအတွင်း ၃၃ ကေဗွီ Switch Bay တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဓာတ်အားပေး စက်ရုံ စီမံကိန်း ပြီးစီးပါကထွက်ရှိလာမည့် ဓာတ်အားများကိုချိတ်ဆက်ဆောင်ရွက်သွား မည့် အခြေအနေ များကိုလှည့်လည်ကြည်ရှု့ စစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာအစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဝင်းအတွင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံစီမံကိန်းမှ တာဝန်ရှိသူများကစီမံကိန်းဆိုင်ရာ အချက် အလက် များ နှင့်စီမံကိန်း လုပ်ငန်းများဆောင်ရွက်မည့်အခြေအနေအားလည်းကောင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင် ဂျင်နီယာက ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ခြမ်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ တိုးတက် သုံးစွဲလာမည့်အခြေအနေနှင့် တိုင်းဒေသကြီးအတွင်းဓာတ်အားပိုမိုတိုးတက် ဖြန့်ဖြူးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအားရှင်းလင်း တင်ပြကြပြီး တင်ပြချက်များအပေါ်ဒုတိယဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များအား မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မြေကြီးကျောက်သားခိုင်ခံ့စေရန်မြေ ထိန်းနံရံပြု လုပ်ဆောင် ရွက်နေမှုနှင့် ဓာတ်အားပေးစက်ရုံ Switchyardနှင့် ဓာတ်အား ပေးစက်ရုံ အသစ်အကောင် အထည်ဖော် ဆောင်ရွက်မည့် နေရာများအားလှည့် လည်ကြည် ရှု့စစ်ဆေးသည်။

အဆိုပါ ၆၆ မဂ္ဂါဝပ် မကွေးသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း နှင့်၂၈ မဂ္ဂါဝပ် ရွှေတောင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထွက်ရှိ လာမည့် လျှပ်စစ်ဓာတ်အားကို ၂၀၂၀ ခုနှစ် နွေရာသီအမီ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက်  စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,