ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကျင်းပ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / December 13, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရေစီးရေလာ ကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေလျာထားသတ်မှတ်ပေးပြီး လမ်းမကြီး (၁၀)လမ်းကို အုတ်ပါတ်ကားရေ မြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ အမြန်ဆုံးပြုလုပ်ပေး၍ ဆက်စပ်လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းကျောင်း၊ ကွေ့မချောင်း၊ မဓမကြီး ရိုးချောင်းနှင့် ဧရာဝဏ်ဆက်စပ်မြောင်းများကို ရှင်းလင်းပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရေစီးရေလာ ကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေလျာထား သတ်မှတ်ပေးပြီး လမ်းမကြီး(၁၀)လမ်းကို အုတ်ပတ်ကား ရေမြောင်းများ (သို့မဟုတ်) ပရီကတ်ရေ မြောင်းများ အမြန်ဆုံးပြုလုပ်ပေးရန်အတွက် လာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ်တွင် ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းမကြီး (၁၀)လမ်းနှင့် ဆက်စပ်လျက် ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ် ဆက်စပ်မြောင်းများကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ တွံတေးမြို့နယ်၊ ပျော်ဘွယ်လေး ကျေးရွာနေ ဒေါ်ကျင်သိန်းက သူ၏သိမ်းဆည်းခံမြေ ပြန်လည်ပေးအပ် ရေး ကိစ္စတွင် အခက်အခဲ အတားအဆီး အနှောင့်အယှက်များ ပေါ်ပေါက်နေမှုနှင့်စပ်လျဉ်း၍ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နစ်နာသူတင်ပြ သည့် လယ်မြေသည် ၂၀၁၂ ခုနှစ် မတိုင်မီ လယ်ယာမြေ အခြားနည်းအသုံးပြုခြင်းပုံစံ (၇) ထွက်ရှိထားခြင်း မရှိသည့်အတွက် ဥပဒေကြောင်းအရ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် တရားစွဲဆိုဆောင်ရွက်ရန် မဖြစ်သည့်အတွက် အဆိုပါ အခြေအနေကို အဆင့်ဆင့်ပြန်လည် တင်ပြမှုအရ ၂၀၁၉ခုနှစ် ဇွန် ၂၇ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ နစ်နာသူ မြေပိုင်ရှင်က အချင်းဖြစ်မြေပေါ်တွင် ဆောက်လုပ်နေထိုင်သူများအား ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန်ဖြစ်ကြောင်းကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှလည်း ၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကာယကံရှင်များကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြေကြားချက် ကိုယ်စား ဖြေကြားအပ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

 

တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်း မြို့နယ်၊ မန်ကတ် ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာအနီးရှိ နမ့်မိုက်ဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က အခိုင်အမာရေလွှဲဆည်အဖြစ် တည်ဆောက်ပေးနိုင်ရန်အတွက် လိုအပ်သည့် ကွင်းဆင်းစူးစမ်းတိုင်းတာမှု လုပ်ငန်းများကို စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့် ဧရိယာသည် နယ်မြေလုံခြံရေး ထိန်းသိမ်း ဆောင်ရွက်နေရသည့် ဒေသဖြစ်သည့်အတွက် လတ်တလောအားဖြင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေမရှိသေးပါကြောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေကောင်းမွန်လာပါက ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သော ရေထိန်းကန် (ရွှေလက်ပံ) ရေကန် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်းကောင်း၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေကြသော တောင်ပေါ်နေတိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသား အဆင့် စီမံကိန်းများရေးဆွဲထားခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၏ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ကိုင်သူများ အတွက် မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ နှင့်ယခုအခါ ကြက်၊ ဝက်သားပေါက်များ ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက်နေကြောင်း သိလိုခြင်း မေးခွန်းနှင့် ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့ နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင်တောင်သူ (၁၅) ဦး၏ မြေဧရိယာ (၃၈ ဒသမ ၆၄) အား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူများအား ပြန်လည် စွန့်လွှတ်၍ ယာယီစိုက်ပျိုးလုပ်ကိုင်ခွင့် ပုံစံ(၃) ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေစဉ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရ မှုပြန်လည်စိစစ်ရေး မူဝါဒအတိုင်း နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်ကလည်းကောင်း ရှင်းလင်း ဖြေကြားသည်။

 

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေး က ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁ ချက်ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ များ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးခင်မောင်လတ်က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် ယင်းနှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင်က အဆို တင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဒီးမော့ဆို မဲဆန္ဒနယ်မှ ဦးပေါလ်ဆိုင်း၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဆော မဲဆန္ဒ နယ်မှ ဦးကျော်တင်နှင့် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့က ဆွေးနွေးကြသည်။

 

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက လွှတ်တော်ကို ကိုယ်စားပြု သတ်မှတ်ထားသည့် ကော်မတီတစ်ရပ်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရေး တို့အတွက် လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ယင်းနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ သဘောတူ လက်ခံရန် ကော်မတီဥက္ကဋ္ဌက အဆိုတင်သွင်းပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ နှစ်ပတ်လည် အစီရင်စာနှင့်စပ်လျဉ်း၍ သဘောတူ လက်ခံရန် ကော်မတီဝင် ဦးသိန်းတန်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

အေးအေးသန့်(သတင်းစဉ်)

HOT NEWS
January 4,