နယ်စပ်ရေးရာ၀န်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိ

နယ်စပ်ရေးရာ၀န်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိ


Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


နေပြည်တော် မေ ၂၉

နယ်စပ်ရေးရာ၀န်ကြီးဌာနသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း နှစ်စဉ် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့လျက်ရှိသော မြို့နယ်၊ ရပ်ကွက်/ကျေးရွာ များရှိ ပြည်သူလူထုများသို့ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် ဖြန့်ဝေ လှူဒါန်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ပုဗ္ပသီရိမြို့နယ် ဖက်တဲကုန်းကျေးရွာသို့ ရေဂါလန် ၄ဝဝဝ နှင့် ညောင်ကုန်းကျေးရွာသို့ရေဂါလန် ၂ဝဝဝ၊ စုစုပေါင်း ရေဂါလန် ၆ဝဝဝ ကို အိမ်ထောင်စုအလိုက် ရေသယ် ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ သည်။
ယခုနှစ် နွေရာသီကာလအတွင်း ဧပြီ ၂ ရက်မှ စတင်၍ မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဌာနမှရေသယ် ယာဉ်ဖြင့် ရေများသွားရောက် လှူဒါန်းပေးလျက်ရှိရာ မေ ၂၆ ရက်အထိ ပျဉ်းမနား မြို့နယ် တောင်သာကျေးရွာအုပ်စု(၁)သို့ ရေဂါလန် ၄၆ဝဝဝ၊ တောင်သာကျေးရွာအုပ်စု(၂)သို့ ရေဂါလန် ၁၂ဝဝဝ၊ ကတိုးဆိပ်ကျေးရွာအုပ်စုသို့ ရေဂါလန် ၅၆ဝဝဝ၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုသို့ ရေဂါလန် ၄၂ဝဝဝ၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာအုပ်စုသို့ ရေဂါလန် ၇၂ဝဝ၀၊ ရေဂါလန်စုစုပေါင်း၂၂၈ဝဝဝ အား ရေသယ် ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျခွဲဝေလှူဒါန်းပေးခဲ့ပြီး နှစ်စဉ်ရေရှားပါးသည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မိုးမကျမီ ကာလအထိ သန့်ရှင်းသောသောက်သုံးရေများအား ဆက်လက်၍ အလှည့်ကျ ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်

 

HOT NEWS
January 4,