နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ပေါင်းကူးဆက်သွယ်ခြင်းသာမက ပြည်ပနိုင်ငံများကပါ မိမိတို့၏သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်

နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ပေါင်းကူးဆက်သွယ်ခြင်းသာမက ပြည်ပနိုင်ငံများကပါ မိမိတို့၏သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်


Ministry of Information/ Naypyitaw / December 07, 2021
image_latest


ရန်ကုန် ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်း သတင်းစာတိုက်နှင့် တာမွေမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ရှေးဦးစွာ မြန်မာ့အလင်း သတင်းစာတိုက် ရှင်းလင်းဆောင်၌ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး က ရန်ကုန်မြို့ရှိ မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေမှု၊ နေပြည်တော်နှင့် ကိုယ်ပွား သတင်းစာတိုက်များမှ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး မြန်မာ့အလင်းသတင်းစာတိုက်မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပုံနှိပ်စက်ခန်းနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှု စစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ထို့နောက် The Global New Light of Myanmar သတင်းစာတိုက်သို့ရောက်ရှိရာ အစည်း အဝေးခန်းမ၌ တာဝန်ရှိသူများက Joint Venture အဖြစ် ဆောင်ရွက်လျက်ရှိသည့် The Global New Light of Myanmar သတင်းစာပုံနှိပ်ထုတ်ဝေ ဖြန့်ချိနေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

အထူးအလေးထား

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့မှ တာဝန်ရှိသူများ၊ စာတည်းအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားပြီး ပုံနှိပ်စက်ခန်းနှင့် စာတည်းဌာနတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မြန်မာ့အလင်း သတင်းစာတိုက်နှင့် The Global New Light of Myanmar သတင်းစာတိုက်တို့သို့ ရောက်ရှိစဉ်အတွင်း ဝန်ထမ်းများ၊ စာတည်းအဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံမှာကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် နုပျိုသစ်လွင်သည့် တင်ဆက်မှုများကို အများ ပြည်သူဝန်ဆောင်မှု မီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပုံနှိပ်မီဒီယာ အပါအဝင် မီဒီယာ၏အခန်းကဏ္ဍကို အထူးအလေးထားပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် မီဒီယာကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင် အရေးကြီးပါကြောင်း။

ပိုမိုဖော်ပြ

မြန်မာ့အသံနှင့် ရုပ်မြင် သံကြားကို ခေတ်နှင့်လျော်ညီသော၊ နုပျိုသစ်လွင်သော စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းများ စီစဉ်ထုတ်လွှင့်နိုင်ရေး ပြောင်းလဲဆောင်ရွက်စေလျက်ရှိပါကြောင်း၊ အလားတူ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းကထုတ်ဝေသည့်သတင်း စာများတွင်လည်း သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီဖော်ပြခြင်း၊ ခေါင်းကြီးများ၊ ဆောင်းပါးများ ရေးသားခြင်းနှင့် လူငယ်များ စိတ်ဝင်စားသည့် နည်းပညာကဏ္ဍများ၊ အားကစားကဏ္ဍများ ယခုထက် ပိုမိုဖော်ပြခြင်းများ ဆောင်ရွက်သွားစေလိုပါကြောင်း။

ကြိုးပမ်းဆောင်ရွက်

ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ၏  အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများ ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ သို့မှသာ  အနာဂတ်မျိုးဆက်သစ်များသည် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်ပေါင်းကူး ဆက်သွယ်ခြင်းသာမက ပြည်ပ နိုင်ငံများကပါ မိမိတို့၏သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွား  ရမည်ဖြစ်ပါကြောင်း။

ထင်သာမြင်သာရှိအောင် ကြိုးပမ်း

The Global New Light of Myanmar သတင်းစာအနေဖြင့်လည်း မြန်မာ့ပုံရိပ်မှန်များကို ဘက်လိုက်မှု ကင်းကင်းဖြင့် ကမ္ဘာသို့ တင်ပြပေးစေလိုပါကြောင်း၊ သတင်းတင်ဆက်မှု အရည်အသွေး ပိုမိုကောင်းမွန်စွာဖြင့် နိုင်ငံတကာနှင့် အများပြည်သူ ပိုမိုစိတ်ဝင်စားလာစေရန် ထင်သာမြင်သာရှိအောင် ကြိုးပမ်းလုပ်ဆောင်သွားကြစေလိုပါကြောင်း။

အတတ်နိုင်ဆုံး ကြိုးပမ်း

မိမိတို့ ဝန်ကြီးဌာနသည် အလွှာအသီးသီး၊ နယ်ပယ်အသီးသီးတွင် ထိတွေ့ဆောင်ရွက် ရသည့်အတွက် အများပြည်သူတို့ စိတ်ကျေနပ်မှုရစေမည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူလူထု၏ အသိအမှတ်ပြုမှု ပိုမိုရရှိစေရေးအတွက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာ နည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

နေ့စဉ်ထုတ်ဝေ

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ကို လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် Joint Venture အဖြစ် ပူးပေါင်း၍ The Global New Light of Myanmar သတင်းစာကို လည်းကောင်း နေ့စဉ်ထုတ်ဝေလျက်ရှိသည်။

သတင်းစဉ်

HOT NEWS
January 4,