နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / January 22, 2020
image_latest


နေပြည်တော် ဇန်နဝါရီ  ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင်သည် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်ရှိ ရွှေအင်ကြင်းဓမ္မာရုံ၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် ရွှေအင်ကြင်းရပ်ကွက် ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်၊ ဦးညီထွန်း၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူများက လယ်ယာမြေကိစ္စ၊ လျှပ်စစ်မီး ၊ လမ်းပန်းဆက်သွယ်ရေးများ ၊ ပညာရေး၊ ကျန်းမာရေးနှင့်  ဒေသ၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးနိုင်ရေးအတွက် မေးမြန်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြ ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)

HOT NEWS
January 4,