နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်မီးရှို့ ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်မီးရှို့ ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ


Ministry of Information/ Naypyitaw / December 07, 2021
image_latest


နေပြည်တော်  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မီးရှို့ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

သေနတ်များဖြင့် ပစ်ခတ်

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ရက် နာရီတွင် နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီ ကျေးရွာ နေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း (၅၃)နှစ် () ဦးကြည်သည် နေအိမ်၌ ၎င်း၏ မိသားစုဝင် များ၊ ကျေးရွာရပ်မိရပ်ဖ ဦးဟန်ဝင်း (၄၈)နှစ် ()ဦးသောင်းကျင်တို့နှင့်အတူ စကားပြောနေစဉ် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ဦးက ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ နေအိမ်အတွင်း လက်လုပ်ဗုံးများ ဖောက်ခွဲ၍ နေအိမ်အား မီးရှို့ကာ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

အကြမ်းဖက်သမားများ၏ ရက်စက်စွာ ပစ်သတ်မီးရှို့ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေမင်းသူ (၂၅)နှစ်၊ ချွေးမဖြစ်သူ မခိုင်စိုးရည် (၃၀)နှစ် () ဦးမောင်သိန်းနှင့် ဦးဟန်ဝင်းတို့ ဦးမှာ နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့ပြီး ဦးဆန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့် (၅၂)နှစ် () ဦးမှတ်တင်တွင် ယာပေါင်ကျည်ထိမှန်ဒဏ်ရာ တစ်ချက်နှင့် သားဖြစ်သူ မောင်ဖိုးလယ် (၁၇)နှစ်၏ ဝဲလက်မောင်းကျည်ထိမှန်ဒဏ်ရာတစ်ချက်တို့ဖြင့် မီးလောင်နေသည့် အိမ်အတွင်းမှ ထွက်ပြေးခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါသည်။

ဆေးရုံသို့ ပို့ဆောင်

အကြမ်းဖက်သူများ၏ မီးရှို့ခဲ့မှုကြောင့် ဦးဆန်းဝင်း၏နေအိမ် မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုအသေးစိတ်အား ဆက်လက်စစ်ဆေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှု ခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်းခြံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အခင်းဖြစ်ရပ်အနီးမှ အကြမ်းဖက်သူများ ပစ်ခတ်အသုံးပြုခဲ့သည့် ၁၂ ဗို့ကျည်ခွံ ခု၊ .၅၆ ကျည်ခွံ ၆၀ ခုနှင့် .၆၂ ကျည်ခွဲ ၇၉ ခုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အရေးယူနိုင်ရေး ဆောင်ရွက်

ထိုကဲ့သို့ နိုင်ငံတော်၏တည်ငြိမ်ရေးကို မလိုလားဘဲ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူ များအား ရက်စက်စွာသတ်ဖြတ်မီးရှို့မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,