ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ

ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ


Ministry of Information/ ပဲခူး / January 19, 2020
image_latest


ပဲခူး  ဇန်နဝါရီ ၁၉

ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်ယာမြေပါဝင်သွားသည့် ဒေသခံတောင်သူ လယ်သမားများအား ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကလိ(တပ်ကလေး) ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ စာကြည့်တိုက်၌ တွေ့ဆုံခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်တို့အတွက် မြို့ရှောင်လမ်းများ အသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းများ ချဲ့ထွင်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့သည် ကုန်းလမ်းဆုံရာ မြို့တစ်ခုဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင် ပဲခူးမြို့ အနောက် ဘက်မြို့ရှောင်လမ်းကို ဖောက်လုပ်ခဲ့၍ ရန်ကုန်-မန္တလေးကုန်ကားကြီးများ သွားလာလျက်ရှိကြောင်း၊ သနပ်ပင်၊ ကဝ စသည့်မြို့နယ်များသို့ သွားရောက်မည့် ကုန်ကားကြီးများသည် ပဲခူးမြို့တွင်းကို ဖြတ်သန်း၍ သွားလာနေရ သဖြင့် ယာဉ်ကြောကြပ်တည်းခြင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များလည်း ရှိလာနိုင်မည်ဖြစ်သောကြောင့် ဒီအခြေအနေတစ်ရပ်ကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အစိုးရလက်ထက်တွင် ပဲခူးမြို့၊ အရှေ့ဘက်မြို့ ရှောင်လမ်းကို ဖောက်လုပ်ရခြင်း ဖြစ်ကြောင်း၊ မကြာမီ ရန်ကုန်(သီလဝါ)မှ ကုန်ကားကြီးများသည် ခရမ်းမြို့မှတစ်ဆင့် ပဲခူးအရှေ့ဘက် မြို့ရှောင်လမ်းကို ဖြတ်သန်းသွားရမည်ဖြစ်၍ စီးပွားရေးအရ မဟာဗျူဟာကျပြီး ဒေသခံပြည်သူများအနေဖြင့် မြို့ရှောင်လမ်းတစ်လျှောက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိခံစားကြရ မည်ဖြစ်ကြောင်း၊ မြေယာလျော်ကြေး နှင့် ပတ်သက်၍လည်း မိမိတို့အစိုးရမှ ဒေသခံတောင်သူများ နစ်နာမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးမည်ဖြစ်ပြီး နေထိုင်နိုင်ရန်အတွက်လည်း  မြို့ကွက်များ ဖော်ထုတ် ပြီး မဲစနစ်ဖြင့် ချ ထားပေးသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မိမိတို့၏ လိုလားချက်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့် ပဲခူးမြို့အရှေ့ဘက် မြို့ရှောင်လမ်းအတွင်း ပါဝင်သွားသည့် ဒေသခံလယ်သမားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)

HOT NEWS
January 4,