ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း အုန်းတောဘုန်းကြီးကျောင်း၊ သံလမ်းဂိတ်အနီးတွင် Box Culvert (၁) စင်း ဆောင်ရွက်မည်ဖြစ်ရာ (၂၉-၆-၂၀၂၀ မှ ၃-၇-၂၀၂၀ ရက်နေ့ထိ) ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း အုန်းတောဘုန်းကြီးကျောင်း၊ သံလမ်းဂိတ်အနီးတွင် Box Culvert (၁) စင်း ဆောင်ရွက်မည်ဖြစ်ရာ (၂၉-၆-၂၀၂၀ မှ ၃-၇-၂၀၂၀ ရက်နေ့ထိ) ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း


Ministry of Information/ ​နေပြည်တော် / July 02, 2020
image_latest


၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ Middle Land ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ရွာကောက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း အုန်းတောဘုန်းကြီးကျောင်း၊ သံလမ်းဂိတ်အနီး တွင် Box Culvert (၁)စင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
၂။ အဆိုပါလုပ်ငန်းအတွက် GRP ပိုက်များ ထည့်သွင်းရမည်ဖြစ်ပါသဖြင့် (၂၉-၆-၂၀၂၀) ရက်နေ့မှ (၃-၇-၂၀၂၀) ရက်နေ့ထိ (၅) ရက်အား ခေတ္တလမ်းပိတ်၍ လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။
၃။ ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ယာဉ်သွားလာမှု အဆင်ပြေစေရေး လမ်းလွှဲများအဖြစ် နှင်းဆီပန်းအဝိုင်းဘက်သို့ သွားလိုပါက ပန်းခင်းလမ်း မီးပွိုင့်-သပြေလမ်းမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းသို့လည်းကောင်း၊ ပန်းခင်းလမ်းမှတစ်ဆင့် ရာဇဌာနီလမ်း-နှင်းဆီပန်းအဝိုင်းသို့လည်းကောင်း၊ နှင်းဆီပန်းအဝိုင်းမှ ပျဉ်းမနားမြို့အတွင်းသို့ လာမည် ဆိုပါက ဗိုလ်တာရာလမ်းမှ (၆)လမ်း တံတားသို့လည်းကောင်း၊ လမ်းလွဲများအား စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

#NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ

HOT NEWS
January 4,