ပြင်သစ်ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သည့် ဒေသခံများ ၁၄ ရက် ကန့်သတ်စောင့်ကြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန်သည့်အတွက် ပြန်လည်စေလွှတ်

ပြင်သစ်ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သည့် ဒေသခံများ ၁၄ ရက် ကန့်သတ်စောင့်ကြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန်သည့်အတွက် ပြန်လည်စေလွှတ်


Ministry of Information/ ​နေပြည်တော် / April 04, 2020
image_latest


ညောင်ဦး ဧပြီ ၃

မန္တလေးတိုင်း‌ဒေသကြီး ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ပိုးရှိသူ လူနာအမှတ်-၈နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၉၁ ဦးအား ယမန်နေ့က ၁၄ ရက် ကန့်သတ်စောင့်ကြည့် ရက်ပြည့်ပြီဖြစ်သဖြင့် မိမိတို့အိမ်သို့ ပြန်လည် စေလွှတ်ပေးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါရှိသူ ပြင်သစ်ဧည့်လမ်း ညွှန်နှင့် ထိတွေ့ခဲ့သည့် ဒေသခံ ၉၀ ကျော်အား သတ်မှတ် ထားသောနေရာတွင် အသွားအလာကန့်သတ်ခြင်း ရာဇဂြိုဟ်ဟိုတယ်တွင် ၁၅ ဦး၊ လောကသစ္စာဟိုတယ် တွင် ၄၆ ဦး၊ တိုင်းရင်းဆေးရုံတွင် ၁၉ ဦး၊ ရွှေပိုးအိမ် ဟိုတယ်တွင် ၁၁ ဦးတို့အား မတ် ၂၀ ရက်မှ စတင်ကာ စောင့်ကြည့် လူနာအဖြစ် တစ်နေ့နှစ်ကြိမ် ကိုယ်အပူချိန် တိုင်းတာခြင်းများဖြင့် စောင့်ကြည့်ခဲ့ရာ ဧပြီ ၂ ရက်တွင် စောင့်ကြည့် ၁၄ ရက် ပြည့်မြောက်သည့်အတွက် ၎င်းတို့နေအိမ်များသို့ ပြန်လည်စေ လွှတ်ပေးခဲ့သည်။

စောင့်ကြည့် ၁၄ ရက် ပြည့်မြောက်သည့် ကိုဗစ်-၁၉ ပိုးရှိသူ ပြင်သစ်ဧည့်လမ်းညွှန် အမျိုးသမီးနှင့် ထိတွေ့ ခဲ့သည့် ဒေသခံ ၉၀ ကျော်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးစကားပြောကြားကာ မိမိတို့အိမ်နေ ထိုင်စဉ်တွင်လည်း ယခုနေထိုင်သလို နေထိုင်ကြရန် ဒေါက်တာ အောင်အောင်က ပြောကြားသည်။ ညောင်ဦးမြို့နယ်တွင် သတ်မှတ်ထားသောနေရာတွင် အသွားအလာ ကန့်သတ် ခြင်း ကြိုတင်ဆောင် ရွက်မှုအဖြစ် ယွန်းပညာကောလိပ်၌ ဦးရေ ၁၀၀ စာခန့် ပြင်ဆင်ထားပြီး ဝါးကျောင်း (တောင်ဘီ) ကျေးရွာအုပ်စု၊ ပုဂံမြို့ (မိုးကုတ်ရိပ်သာ) တို့ တွင်လည်း ပြင်ဆင်ထားရှိကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

HOT NEWS
January 4,