ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ ခန်းမဆောင် ဆောက်လုပ် မှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ ခန်းမဆောင် ဆောက်လုပ် မှု ကြည့်ရှုစစ်ဆေး

Ministry of Information/ ​နေပြည်တော် / November 09, 2019
image_latest


 

မန္တလေး နိုဝင်ဘာ ၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး လူထုအခြေပြုဗဟိုဌာန၊ ခန်းမဆောင် ဆောက်လုပ်မှုကို  ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည်  လူထုအခြေပြုဗဟိုဌာနရှိ အများပြည်သူ ပူး ပေါင်း ပါဝင်လှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော ခန်းမဆောင်တွင် မန္တလေး တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန် ရှိသူများ၊ ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) များ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်း ပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်းရှိ ခရိုင်နှင့်မြို့နယ် ပြန်ကြားရေး နှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများ အဖြစ် နိုင်ငံတော် ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုဖြင့် လည်း ကောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုနှင့် ပူးပေါင်းပါဝင်မှုများဖြင့်လည်းကောင်း၊ အကောင်အ ထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနများ ပီပြင်စွာ ဖြစ်ပေါ်လာ စေရန် အတွက် ယခုကဲ့သို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့်အတူ ပြည်သူ့အတွက် အကျိုးရှိသည့် အများ ပြည်သူပိုင် နေရာများဖြစ်လာစေရေး ထိရောက်စွာ အသုံးပြုကြ စေ လိုပါကြောင်း ရှင်းလင်း ပြောကြား သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာနရှိ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းနှင့် ပြတိုက်ငယ်တို့အပြင် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ရန်  တပ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး စာဆိုတော်နေ့အထိမ်းအမှတ်   စကားရည်လုပြိုင်ပွဲများ ကျင်းပရေး၊ လူငယ်များ နှုတ်မှုရေးရာ တိုးတက်မှုရှိ စေရန် အတွက် ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရေး၊ ရုံးဝင်းအတွင်းရှိ ရေဝပ်နေရာများတွင် မြေဖို့ပြုပြင်တိုင်းတာပြီး ပြင်ပကလေးကစားကွင်း၊ ပိုက်ကျော်ခြင်းနှင့် ဘောလီ ဘော ကွင်းများ ဖောက်လုပ်ပေးနိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။  

ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝင်းအတွင်းရှိ မြေလွတ်နေရာတွင် လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် အလှူ ရှင်ပြည်သူများ ပူးပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် ၂၂၇ သိန်းခန့် တန်ဖိုးရှိ အရွယ်အစား  ၂၂x၆၀ ပေရှိ သွပ်မိုး၊ အုပ်ကာခန်းမဆောင်တစ်ခုအား ဆောက်လုပ်လျက်ရှိရာ ယခု အခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)