ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့် တိုးချဲ့ (၇)ထပ် ဆောင် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့် တိုးချဲ့ (၇)ထပ် ဆောင် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Ministry of Information/ ​နေပြည်တော် / November 09, 2019
image_latest


 

နေပြည်တော် နိုဝင်ဘာ ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့် တိုးချဲ့(၇) ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် က အဆင့်မြင့် တိုးချဲ့(၇)ထပ်ဆောင် ဆောက်လုပ်ခဲ့မှု၊ အဆောက်အဦတွင် ဓာတ်မှန်၊ ပုံရိပ်ဖော် ရောဂါ ရှာဖွေရေး ဌာန၊ ရောဂါဗေဒဌာန၊ ဆေးကုသဆောင်များ သီးသန့် လူနာဆောင် များ၊ ဆေးပညာသင်ကြားခန်းမများ ပါဝင်ထည့်သွင်း ဆောင်ရွက်ထားရှိမှု၊ လက်ရှိလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ညွှန်ကြားရေးမှူး(လျှပ်စစ်)ဦးကြည်လှိုင်ဝင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့်(၇) ထပ်ဆောင်သစ်ကြီး လျှပ်စစ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရန်ကုန် ဆေးရုံ ကြီး အဆောင် (၁၂)ခု၏ လျှပ်စစ်ဝါယာကြိုးများ Breaker များ၊ Fuse များနှင့် Switch Socket များ လဲလှယ်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး(ရေသန့်) ဦးရဲမြင့်က ရေသန့် ပိုင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက် ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများကို အရည် အသွေး၊ စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ဆေးရုံအင်္ဂါရပ်နှင့်အညီ စနစ် တကျဆောင်ရွက်ရန် လိုပါ ကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့်ဆေးရုံ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် 5th Floor နှင့် 6th Floor တွင် Column 35 Nos ကွန်ကရစ် လောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)