ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကိုရီးယားသမ္မတနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကိုရီးယားသမ္မတနိုင်ငံသို့ထွက်ခွာ


Ministry of Information/ ​နေပြည်တော် / October 15, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၁၄

နှစ်(၃၀)ပြည့် အာဆီယံ - ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ - ကိုရီးယား ဗဟိုဌာနတို့မှ ပူးပေါင်း ပြုလုပ်မည့် ASEAN - Korea Train အစီအစဉ်သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးအား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်ချောချောစိန်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင်မျိုးထွဋ်နိုင်(ခ)ခါရာ၊ ဧရာဝတီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့်တို့ လိုက်ပါသွားသည်။

သတင်းစဉ်

 

HOT NEWS
January 4,