မယ်စဲ့မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံပေးအပ်ပွဲ ကျင်းပ

မယ်စဲ့မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံပေးအပ်ပွဲ ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 02, 2020
image_latest


မယ်စဲ့  ဇူလိုင်  ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ထောက်ပံ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စေတနာ့ ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ အများအကျိုးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်သူများ ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များဖြစ်ပွားပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည့် အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊ ပြည်သူများ မီးဘေး၊ ရေဘေးကြုံတွေ့လာပါက တစ်သွေးတည်း တစ်သားတည်း စွမ်းရည်ပြည့်ဝတဲ့ စိတ်တွေနှင့် ကြိုးပမ်းဖော်ဆောင်ပေး စေလိုကြောင်း၊ မိမိတို့ပြည်နယ်၊ မြို့နယ်အတွင်းချစ်ခင်စည်းလုံးမှုနှင့် ပေါင်းစပ်ဆောင်ရွက်ပြီး အများပြည်သူအကျိုးကို ဝိုင်းဝန်းဖော်ဆောင်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မယ်စဲ့မြို့နယ်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သန္ဓေတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံ(၁၇၀)နှင့် ရန်ပုံငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

HOT NEWS
January 4,