မဟာအောင်မြေ၊ လွိုင်လင်နှင့် ရပ်စောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မဟာအောင်မြေ၊ လွိုင်လင်နှင့် ရပ်စောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ ​နေပြည်တော် / April 04, 2020
image_latest


နေပြည်တော်၊ ဧပြီ ၄

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃ ရက် မွန်းလွဲပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ လမ်း (၄၀) နှင့် (၄၁) လမ်းကြား၊ (၆၁) လမ်းတွင် တွေ့ရှိသည့် CROWN အမျိုးအစား မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကို ရှာဖွေရာ ယာဉ်ပေါ်တွင် တုံရှီကောင်း၊ စောကွမ်(ခ)ဇော်မင်းငွေနှင့် ကျော်ပိုင်ဟိန်း တို့အားတွေ့ရှိပြီး မော်တော်ယာဉ်မှ ကတ်တမင်း ၄ ဒသမ ၇၅ ကီလို၊  လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မိုင်းပွန်-တောင်ကြီး သွားကားလမ်း၊ ပွန်ချောင်း တံတားအနီးတွင် စိန်ဝင်းထွန်း(ခ)ကျောက်စိမ်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ ဧပြီလ ၂ ရက် ညပိုင်းက ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ လွယ်ကိုး ကျေးရွာအုပ်စု၊ လွယ်ကိုးကျေးရွာနေ စိုးမောင်၏ တောင်ယာတဲအား ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၆၆၅ ပြား၊ မြန်မာငွေကျပ် ၆၈,၀၀၀ တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)

HOT NEWS
January 4,