မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) တို့၏ စုပေါင်းမဟာ ဘုံကထိန်ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) တို့၏ စုပေါင်းမဟာ ဘုံကထိန်ကျင်းပ


Ministry of Information/ ​နေပြည်တော် / November 12, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၁၂

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) တို့၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ မဟာသိမ်တော်ကြီးဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် တော်မူကြသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ရန်ကုန်တိုင်း ဒေသကြီး သာသနာနုဂ္ဂအသင်း ဥက္ကဋ္ဌက ကထိန်လှူဒါန်းရခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာသိမ်တော်ကြီး ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ လှူဒါန်းသည့် ကထိန်ပဒေ သာပင် (၁၀၄) ခုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ စာသင်တိုက်များသို့ ဆက်လက်လှူဒါန်း သွားမည်ဖြစ်သည်။

(မင်းသစ်)

 

HOT NEWS
January 4,