မြန်မာအမျိုးသားလေကြောင်း (MNA) မှ ပြည်ပရောက်မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းနှင့် ထောက်ပံ့ရေး လှူဒါန်းပစ္စည်းများအား Relief Flights များဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိ

မြန်မာအမျိုးသားလေကြောင်း (MNA) မှ ပြည်ပရောက်မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းနှင့် ထောက်ပံ့ရေး လှူဒါန်းပစ္စည်းများအား Relief Flights များဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိ


Ministry of Information/ ရန်ကုန် / May 26, 2020
image_latest


ရန်ကုန် မေ ၂၅

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားမှုကြောင့် နိုင်ငံတကာတွင် အခက်အခဲကြုံတွေ့နေရသည့် ပြည်ပရောက် မြန်မာ နိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိရာ မြန်မာအမျိုးသားလေကြောင်း (MNA)မှ လေယာဉ်များဖြင့်လည်း ပြည်ပရောက်မြန်မာ နိုင်ငံသားများအား သွားရောက် ခေါ်ဆောင်ပေးလျက်ရှိကြောင်း မြန်မာ အမျိုးသား လေကြောင်း(MNA) စီးပွားရေးဌာနမှ သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာ အမျိုးသားလေကြောင်း (MNA)မှ ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ ပေးခြင်း၊ Relief Flights များဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ပေးခြင်းနှင့် ထောက်ပံ့ရေး လှူဒါန်းပစ္စည်းများ ကူညီသယ်ယူ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာအမျိုးသား လေကြောင်း လိုင်းမှ Relief Flights များဖြင့် မေလ ၇ ရက်၊ ၉ ရက်၊ ၁၃ ရက်၊ ၁၆ ရက်၊ ၂၁ ရက်များတွင် ရန်ကုန် - စင်ကာပူ- ရန်ကုန်၊ မေလ ၁၂ ရက်တွင် ရန်ကုန်- ဘန်ကောက် - ရန်ကုန်၊ မေလ ၁၉ ရက်တွင် ရန်ကုန် - နယူးဒေလီ- ရန်ကုန်နှင့် မေလ ၂၄ ရက်တွင် ရန်ကုန် - ချန်နိုင်း - ရန်ကုန် ခရီးစဉ်များ ပြေးဆွဲပေးခဲ့ပြီး မေလ ၂၇ ရက် တွင် ရန်ကုန် - ဂါယာ - ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲသွားမည်ဖြစ်သည်။

“လူမှုရေးအကျိုးပြု အနေနဲ့ ကတော့ သက်ဆိုင်ရာနိုင်ငံရှိ သံရုံးများနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ Relief flights အနေနဲ့ စင်ကာပူကိုလည်း ပျံသန်းဆွဲပေးပါတယ်။ ဘန်ကောက် က တစ်ကြိမ်ဆွဲပြီးပြီ။ စင်ကာပူကို တော့ ငါးကြိမ်မြောက် ဆွဲပေးပြီးပါပြီ။ ပြီးတော့ အိန္ဒိယအနေနဲ့ နယူးဒေလီနဲ့ ချန်နိုင်းကို ပြေးဆွဲပြီး ဖြစ်ပါတယ်။ ဂါယာခရီးစဉ်ကို မေလ ၂၉ ရက် ပြေးဆွဲပေးဖို့ အစီအစဉ်ရှိတယ်။ လောလောဆယ်တော့ အိန္ဒိယဘက်ကို သံရုံးနဲ့ ဆက်သွယ်ပြီးတော့ လုပ်ပေး နေပါတယ်။ ကယ်ဆယ်ရေး flights တွေတော့ ရှိပါတယ်။ ထပ်မံပြေးဆွဲဖို့ က သံရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေတုန်းပါပဲ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) စီးပွားရေး ဌာနမှ Marketing Supervisor မခိုင်ခိုင်ကျော်က ပြောသည်။

ထို့ပြင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Relief Flights များဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သော ထောက်ပံ့ ရေး လှူဒါန်းပစ္စည်းများအား အခမဲ့ဖြင့် မေလ ၇ ရက် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ်တွင် ကုန်ပစ္စည်းအရေအတွက် ၂၆ ခု (ကုန်တန်ချိန် ၂၈၁ ကီလိုဂရမ်)၊ မေ ၉ ရက် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ်တွင် ကုန်ပစ္စည်းအရေအတွက် လေးခု (ကုန်တန်ချိန် ၂၆ ကီလိုဂရမ်)၊ မေလ ၁၃ ရက်တွင် ရန်ကုန် - စင်ကာပူ- ရန်ကုန် ခရီးစဉ်တွင် ပစ္စည်း အရေအတွက် လေးခု (ကုန်တန်ချိန် ၂၇ ကီလိုဂရမ်) နှင့် မေလ ၁၆ ရက် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ် တွင် ပစ္စည်းအရေအတွက် လေးခု (ကုန်တန်ချိန် ၂၂ ကီလို ဂရမ်) တို့ကို ကူညီသယ်ဆောင်ပေးခဲ့ကြောင်း သိရ သည်။

“Cargo အနေနဲ့ ဆိုရင်တော့ လောလောဆယ် ဘန်ကောက်ကိုတော့ လူမပါဘဲ ပစ္စည်းချည်းပဲ ပို့ပေးတဲ့ Charter Cargo ရှိတယ်။ ပြီးရင် စင်ကာပူက ကျတော့ relief flight တွေဆွဲနေတဲ့အချိန်မှာ Cargo တင်ချင် တယ်ဆိုရင် တင်ပေးတယ်၊ ပို့ပေး တယ်။ ဒါကတော့ ပြည်ပပါ။ ပြည်တွင်း တွေမှာကျတော့ အခုပြေးဆွဲနေတဲ့ နေရာတွေမှာ Cargo တင်ချင်တယ် ဆိုရင် Local Cargo Department ကို ဆက်သွယ်ပြီး တင်လို့ရတယ်”ဟု မခိုင်ခိုင်ကျော်က ပြောသည်။

မြန်မာအမျိုးသား လေကြောင်း လိုင်းအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သော ခရီးသည်များနှင့် ထောက်ပံ့ရေး လှူဒါန်းပစ္စည်းများ အား ပြည်တွင်းခရီးစဉ်များဖြစ်သည့် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မြစ်ကြီးနား၊ ပူတာအို၊ ကလေး၊ ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ မြိတ်၊ ထားဝယ်၊ ကော့သောင်းမြို့များသို့ ခရီးသည် စုစုပေါင်း ၅၉ ဦးနှင့် ကုန်ပစ္စည်းတန်ချိန် စုစုပေါင်း ၅၄၅ ကီလိုဂရမ်တို့ကို အခမဲ့ သယ်ယူ ပို့ဆောင်ပေးခဲ့ပြီး မေ ၂၈ တွင်လည်း ရန်ကုန်- စင်ကာပူ - ရန်ကုန် ကုန်တင် လေယာဉ်ခရီးစဉ်ကို ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,