မြန်မာ့ပုလဲ ပြသရောင်းချပွဲ ( ဒီဇင်ဘာ ၂၀၁၉ ) အောင်မြင်စွာကျင်းပပြီးစီး ပုလဲအတွဲပေါင်း (၃၈၄) တွဲအား ယူရိုငွေ ၂၄၄၅၈၂၁ ဖြင့် ရောင်းချနိုင်ခဲ့

မြန်မာ့ပုလဲ ပြသရောင်းချပွဲ ( ဒီဇင်ဘာ ၂၀၁၉ ) အောင်မြင်စွာကျင်းပပြီးစီး ပုလဲအတွဲပေါင်း (၃၈၄) တွဲအား ယူရိုငွေ ၂၄၄၅၈၂၁ ဖြင့် ရောင်းချနိုင်ခဲ့


Ministry of Information/ ​နေပြည်တော် / December 13, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက ကြီးမှူးကျင်းပသည့် မြန်မာ့ပုလဲပြသ ရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction (December-2019) နောက်ဆုံးနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ဆက်လက် ကျင်းပသည်။

ယနေ့ ပုလဲရောင်းချပွဲသို့ ပြည်ပပုလဲကုန်သည် (၁၅) ဦးနှင့် ပြည်တွင်း ပုလဲကုန်သည် (၉၄) ဦး စုစုပေါင်း (၁၀၉) ဦး တက်ရောက်ဝယ်ယူကြသည်။

 

ပုလဲရောင်းချပွဲနောက်ဆုံးနေ့တွင် ကုမ္ပဏီပိုင်ပုလဲအတွဲပေါင်း (၁၁၀) ကို ဆက်လက် ရောင်းချခဲ့ရာ ပုလဲအတွဲ(၈၆)တွဲကို ယူရိုငွေ (၅၈၉၁၂၂) ဖြင့် ရောင်းချခဲ့ရသည်။

 

အဆိုပါပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၂၇၀) တင်ပြခဲ့ရာအတွဲ (၂၇၀) လုံး ရောင်းချခဲ့ရသဖြင့် (၁၀၀) ရာခိုင်နှုန်း ရောင်းချ နိုင်ခဲ့ပြီး နိုင်ငံတော် ဝင်ငွေ ယူရိုငွေ (၁၆၀၅၃၅၉) ရရှိခဲ့သည်။ ကုမ္ပဏီပိုင်ပုလဲအတွဲ (၁၄၅)တွဲ တင်ပြခဲ့ရာ (၁၁၄)တွဲ ရောင်းချ နိုင်ခဲ့ပြီး ဝင်ငွေ ယူရို (၈၄၀,၄၆၂) ရရှိခဲ့သည်။

 

မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉)တွင် နိုင်ငံပိုင် ပုလဲ အတွဲပေါင်း (၂၇၀) နှင့် ကုမ္ပဏီပိုင် ပုလဲအတွဲ (၁၄၅) တွဲ စုစုပေါင်း ပုလဲအတွဲ ပေါင်း(၄၁၅)တွဲ တင်ပြရောင်းချခဲ့ရာ ပုလဲအတွဲစုစုပေါင်း (၃၈၄) တွဲကို ယူရှိငွေ (၂၄၄၅,၈၂၁) ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 

မျိုးသူဟိန်း

HOT NEWS
January 4,