မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ Chinese 8 Ball သတ္တမမြောက်ပွဲစဉ် မေ ၃၁ ရက်တွင် ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ Chinese 8 Ball သတ္တမမြောက်ပွဲစဉ် မေ ၃၁ ရက်တွင် ယှဉ်ပြိုင်ကစားမည်


Ministry of Information/ ရန်ကုန် / May 26, 2020
image_latest


ရန်ကုန် မေ ၂၅

ကမ္ဘာ့ချန်ပီယံဟောင်းများနှင့် အိုးပင်းချန်ပီယံ ဟောင်း ကစားသမား ရှစ်ဦး ပတ်လည်ယှဉ်ပြိုင် သည့် Chinese 8 Ball ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီနှင့် လက်ရှိမာစတာ ကမ္ဘာ့ချန်ပီယံ Chu Bing Jie တို့သည် မေ ၃၁ ရက်တွင် ပထမအုပ်စုသတ္တမြောက် နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်တော် မေ ၃၁ ရက်နေ့ ပြိုင်ပွဲအတွက် ပြင်းပြင်းထန်ထန် ပြင်ဆင်လေ့ကျင့်နေပါတယ်။ လောလောဆယ် ခြောက်ပွဲနိုင် ထားပြီဆိုပေမယ့် ဇွဲမလျှော့ပါဘူး။ လက်ရှိ ပူပူနွေးနွေးရထားတဲ့ မာစတာကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ သူနဲ့ထိုးဖို့ အတွက်လည်း ကျွန်တော့်ကိုမေးတဲ့ အချိန်မှာ စိန်ခေါ်ထားပါတယ်” ဟု အားတီက ပြောသည်။

မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် ဧပြီ ၂၈ ရက်က၂၀၁၈ ကမ္ဘာ့ချန်ပီယံ ဟောင်း Yu Hai Tao ကို ၂၁ ပွဲ - ၁၇ ပွဲ၊ ဧပြီ ၂၉ ရက်က အိုးပင်း ချန်ပီယံဟောင်း Li Bo ကို၂၁ ပွဲ - ၁၇ ပွဲ၊ မေ ၃ ရက်က Liu Hai Tao ကို ၂၁ ပွဲ - ၁၅ ပွဲ၊ မေ ၅ ရက်က ကမ္ဘာ့ ချန်ပီယံ ကစားသမား Zheng Yu Bo ကို ၂၁ ပွဲ - ၁၆ ပွဲ၊ မေ ၁၅ ရက်က Yang Fan ကို ၂၁ ပွဲ - ၁၇ ပွဲ၊ မေ ၁၆ ရက်က အိုးပင်းချန်ပီယံ ဟောင်း Wu Zheng Yu ကို ၂၁ ပွဲ - ၁၉ ပွဲတို့ဖြင့် အနိုင်ရရှိထားသည်။ အဆိုပါ Chinese 8 Ball ပထမအုပ်စုပွဲစဉ်၌ အားတီ အပါအဝင် လေးဦးနှင့် ဒုတိယအုပ်စုတွင် စောင့်နေသည့် ချန်ပီယံကစား သမား နှစ်ဦးနှင့် ဆက်လက်ယှဉ်ပြိုင်ကစားကြ ရမည်ဖြစ်ကြောင်း သိရသည်။ အားတီသည် သတ္တ‌မမြောက်ပွဲစဉ်တွင် ရှုံးရှုံးနိုင်နိုင် အမှတ်ပေးဇယား တွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး ပြိုင်ပွဲကို ဩဂုတ် ၁၈ ရက်အထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး

HOT NEWS
January 4,