မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများထောက်ပံ့ပေး

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများထောက်ပံ့ပေး


Ministry of Information/ မွန်ပြည်နယ် / July 02, 2020
image_latest


ပေါင်  ဇူလိုင် ၂

ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်ပြီး အခြေခံလူတန်းစားများထိခိုက်နစ်နာမှု မရှိစေရေးအတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁၅ဝဝဝိ/- ) နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်၊ ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် တာဝန်ရှိ သူများက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများထံသို့ ထောက်ပံ့ပေး နိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ပေးအပ်ခဲ့ ကြသည်။

ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ အခြေခံလူတန်းစားအိမ်ထောင်စု (၇၂၉၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၅ဝဝဝိ/-)ကျပ်နှုန်းကို ဇူလိုင်လ(၁)ရက်နေ့မှ (၃)ရက်နေ့အတွင်း အားလုံးပြီးစီးအောင် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)

HOT NEWS
January 4,