ရန်ကုန်- မန္တလေး မီးရထားလမ်းအား အကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး

ရန်ကုန်- မန္တလေး မီးရထားလမ်းအား အကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး


Ministry of Information/ Naypyitaw / December 07, 2021
image_latest


နေပြည်တော်  ဒီဇင်ဘာ  

အကြမ်းဖက်အဖွဲ့များအနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ ယနေ့မွန်းလွဲ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ရန်ကုန် မန္တလေး မီးရထားလမ်း၊ မိုင်တိုင်(၃၆၄/)နှင့် မိုင်တိုင် (၃၆၄/)အကြား၌ ဒေသန္တရလက်လုပ်မိုင်း လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ရထားသံလမ်းပျက်စီးမှုမရှိဘဲ ဖြတ်သန်း ခုတ်မောင်းသော ရန်ကုန်- မန္တလေး ကုန်တင်ရထား အဆန်အမှတ်(GT-2096) အတွဲအမှတ်()စားအုန်းဆီတွဲ အောက်ခြေကြမ်းခင်းအနည်းငယ် ပျက်စီးခဲ့ပြီး စားအုန်း ဆီကန် ဆီယိုစိမ့်မှု ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်း များကို ဖောက်ခွဲဖျက်ဆီးခဲ့သော အကြမ်းဖက်အဖွဲ့များအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်