လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး Online Meeting ဖြင့် ကျင်းပ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး Online Meeting ဖြင့် ကျင်းပ


Ministry of Information/ ​နေပြည်တော် / May 28, 2020
image_latest


နေပြည်တော်  မေ ၂၈

လက်နက်ကိုင် ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Online Meeting ဖြင့်  ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဝန်ကြီးဌာနများမှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကြေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှု များမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မြန်မာ/ အင်္ဂလိပ်)အား ရေးဆွဲခဲ့ပြီးနောက် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကာကွယ်တားဆီးရေး လုပ်ငန်း ကော်မတီနှင့် CTFMR တို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များနှင့် အသိပညာပေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးရန်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်းများကို UNICEF နှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် UNICEF တို့ လက်မှတ်ရေးထိုးထားသည့် Multi-Year Work Plan ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရန်၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် CTFMR တို့ ၂၀၂၀ပြည့်နှစ်၊ ဇွန်လကုန်တွင် တွေ့ဆုံဆွေးနွေးသွားရန် ဆုံးဖြတ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ (၂၀၀၅)နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအရ သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ်ကြီးလေးသော ကျူးလွန်မှု(၆)ရပ် (Six Grave Violations) ဖြစ်သည့် ကလေး သူငယ်များ အား သေကြေထိခိုက်ဒဏ်ရာရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များ သို့ စုဆောင်းခြင်း၊ ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေး သူငယ်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့မှ ကာကွယ်တားဆီးရန်အတွက် “လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ” ကို  ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,