ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)ဧရိယာအတွင်းရှိ မြေကွက်များ ပြည်သူများထံ ပေးအပ်သည့် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)ဧရိယာအတွင်းရှိ မြေကွက်များ ပြည်သူများထံ ပေးအပ်သည့် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်


Ministry of Information/ ​နေပြည်တော် / July 02, 2020
image_latest


ဟားခါး  ဇူလိုင်  ၂

ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)ဧရိယာအတွင်းရှိ မြေကွက်များအား ပြည်သူများထံ မြေနေရာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့ပြစီမံကိန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က မြို့ပြစီမံကိန်းဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ မြေကွက် ချထားရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက မြေကွက်နေရာ ချထားရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီးနောက် မြေကွက်ချထားရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို မြို့မိမြို့ဖ ဦးအုပ်နောလ်က ရှင်းလင်း တင်ပြခဲ့ သည်။

အဆိုပါ မြေနေရာချထားရေးကို ပေ(၁၀၀)ပတ်လည်၊ ပေ(၈၀)ပတ်လည်၊ ပေ(၈၀×၆၀)၊ ပေ (၆၀×၄၀) ဖြင့် အတန်းအစားလေးမျိုးသတ်မှတ်ပြီး ကော်မတီ၏ သတ်မှတ်နှုန်းထားဖြင့် ဦးစားပေး အဆင့်အလိုက် မဲစနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့ အထိ ယခုအကြိမ်တွင် အိမ်ထောင်စု ၄၃၇ စုအတွက် ပထမအကြိမ် မြေနေရာချထားပေးခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ မြေနေရာမရှိကြသည့် အိမ်ထောင်စုဝင်များအား မြေနေရာများ ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း  မြေကွက်ချထားရေး ကော်မတီထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)

HOT NEWS
January 4,