အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများ လေ့လာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများ လေ့လာ


Ministry of Information/ ​နေပြည်တော် / January 19, 2020
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။

ထိုသို့ လေ့လာရာတွင် ဟာဝိုင်ရီပြည်နယ်ရှိ ပြည်နယ်ဆီးနိတ် လွှတ်တော်အမတ်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဒုတိယရှေ့နေချုပ်၊ ပြည်နယ်ခုံသမာဓိလူကြီး၊ ပြည်နယ် ကျင့်ဝတ်ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပြင် အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုတို့မှ တာဝန်ရှိသူများနှင့် Civil Beat အွန်လိုင်းသတင်း မီဒီယာအဖွဲ့တို့ကို တွေ့ဆုံခဲ့သည်။

ကော်မရှင် ဥက္ကဋ္ဌအား ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်တာဝန်ရှိသူများက ၎င်းတို့၏ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်အရ လုပ်ငန်းတာဝန်များခွဲဝေ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကျင့်သုံးလျက်ရှိသော နည်းပညာနှင့် နည်းစနစ်များ၊ လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွေ့အကြုံနှင့် အမြင်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်သို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှ ကိုယ်စားလှယ် များ၊ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လိုက်ပါသွားကြကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,