အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့ ဖလူးကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့ ဖလူးကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ


Amyotha Hluttaw/ မြဝတီ / October 16, 2019


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြဝတီမြို့၊ ဖလူးကျေးရွာရှိ ဒေသခံပြည်သူများနှင့် (၁၂.၁၀.၂၀၁၉)ရက်နေ့ နံနက် ၉ နာရီတွင် ဖလူးကျေးရွာ၊ ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သည် ဥပဒေပြုရေး အာဏာကို တာဝန်ယူရပြီး အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူပါကြောင်း၊ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ယူရပါကြောင်း၊ အဆိုပါ အာဏာသုံးရပ်ကို ပိုင်းခြားသုံးစွဲသည့် နေရာတွင်တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်၍ မရပါကြောင်း၊ သို့သော် အပြန်အလှန်ညှိနှိုင်းပေါင်းစပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြစေလိုပါကြောင်း၊ မိမိအနေဖြင့် တတ်နိုင် သည့်ဘက်က ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာပြည်သူများက ကျေးရွာအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား လိုအပ် ချက်များကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မြဝတီမြို့၊ ဖလူးကျေးရွာ၊ ဖော်ဆေးလမ်း ကွန်ကရစ်ခင်း ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဖလူးကျေးရွာအုပ်စုရှိ မသန်စွမ်းသူ(၆၉)ဦးအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုပြီး မိမိတို့အနေဖြင့် မူဝါဒချမှတ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏မဲဆန္ဒနယ်မှ ပြည်သူများ၏အသံ၊ လိုလားချက်များကို သိရှိနိုင်ရန် ပြည်သူများနှင့် အမြဲထိတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ရသည့်အချိန်တွင် ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏အသံ၊ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏ လိုလားချက်များကို နားထောင်ခြင်းဖြစ်ပါ ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း တင်ပြသွားသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြည်သူများ၏ လိုလားချက်များကို သိရှိပြီးဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

HOT NEWS
January 4,