အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့သို့ စေတနာ့ ဝန်ထမ်းလက်စွဲအုပ်၊ Mask နှင့် လက်သန့် ဆေးရည်များ လာရောက်လှူဒါန်း

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့သို့ စေတနာ့ ဝန်ထမ်းလက်စွဲအုပ်၊ Mask နှင့် လက်သန့် ဆေးရည်များ လာရောက်လှူဒါန်း


Ministry of Information/ ​နေပြည်တော် / May 26, 2020
image_latest


 

နေပြည်တော် မေ ၂၆

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းစဉ် များတွင် ပါဝင် ဆောင်ရွက် နေကြသော စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း လက်စွဲစာအုပ်များ၊ လက်သန့် ဆေးနှင့် Maskများကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းက ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသား အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ အတွင်းရေးမှူးရုံး သို့ လာ ရောက်လှူဒါန်းသည်။

ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းနှင့် အဖွဲ့က စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်(၂,၀၀၀)၊ MASK (၅,၀၀၀)၊ လက်သန့်ဆေးရည်   (၅)လီတာဘူး (၁၂၀)၊ (၅၀၀) မီလီ လီတာဘူး (၁၀)ဘူးတို့ကို ပေးအပ် လှူဒါန်းရာ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,