အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၁၀၇) (၁၀၈) (၁၀၉) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၈၇) (၁၈၈) (၁၈၉) (၁၉၀) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၁၀၇) (၁၀၈) (၁၀၉) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၈၇) (၁၈၈) (၁၈၉) (၁၉၀) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / December 13, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

 

အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၁၀၇) (၁၀၈) (၁၀၉) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၁၈၇) (၁၈၈) (၁၈၉) (၁၉၀) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမတွင် ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် (ကိုယ်စား) ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းအမျိုးအစား များအလိုက် စံပြဆုရရှိသူများကို ဆုများ ချီးမြှင့်ပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

 

ယင်းသင်တန်းဆင်းပွဲသို့ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး) များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၁၅၉)ဦး၊ သင်တန်းသူ (၂၀၇)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၂၄၈)ဦး၊ သင်တန်းသူ(၃၂၀)ဦး စုစုပေါင်း(၉၃၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,