အိမ်ခြံဥယျာဉ် (Home Garden) အဖြစ် ဖြန့်ဝေပေးရန် ဟင်းသီး ဟင်းရွက်ပျိုးပင်များ၊​ မျိုးစေ့ထုတ်များနှင့်​မြေဩဇာထုတ်များအား အေးသာယာမြို့ ရပ်ကွက်များ၌ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ

အိမ်ခြံဥယျာဉ် (Home Garden) အဖြစ် ဖြန့်ဝေပေးရန် ဟင်းသီး ဟင်းရွက်ပျိုးပင်များ၊​ မျိုးစေ့ထုတ်များနှင့်​မြေဩဇာထုတ်များအား အေးသာယာမြို့ ရပ်ကွက်များ၌ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ


Ministry of Information/ ရှမ်းပြည်နယ် / May 30, 2020
image_latest


တောင်ကြီး  မေ  ၃၀

အိမ်ခြံဥယျာဉ် (Home Garden) အဖြစ် ဖြန့်ဝေပေးရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စီစဉ်ဆောင်ရွက်ထားသည့် ဟင်းသီး ဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့ထုတ်များ၊ မြေဩဇာထုတ်များနှင့်စိုက်ပျိုးနည်းပညာ လက်ကမ်းစာစောင်များအားတောင်ကြီး မြို့နယ်အေးသာယာမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ လက်ဝယ်အရောက် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ယင်းသို့ ဖြန့်ဝေရာပေးအပ်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းများက အေးသာယာမြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်မှ ဒေသခံ ပြည်သူများအားအိမ်ခြံဥယာဉ် (Home Gardening) အဖြစ်စ ိုက်ပျိုးနိုင်ရန် အတွက် ဟင်းသီးဟင်းရွက်ပျိုးပင် (၅၀၀)၊ ချဉ်ပေါင်၊ ကန်စွန်း၊ နံနံ၊ ရုံးပတီ၊ သခွား၊ ကိုက်လံ၊ ဟင်းနုနွယ်၊ ဖရုံ၊ ဗူးစသည့် ဟင်းသိးဟင်းရွက်မျိုးစေ့ထုတ်ပေါင်း (၁၅၃၄၂) ထုတ်နှင့် အိမ်ခြံဥယာဉ် စိုက်ပျိုးရာတွင် အသုံးပြုသင့်သည့် မြေဩဇာ ထုတ်ပေါင်း (၅၆၄၆) ထုတ်များ၊ စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၉ နာရီအချိန်တွင် အဖွဲ့ (၅) ဖွဲ့ ဖြင့် အေးသာယာမြို့ပေါ် ရပ်ကွက် (၆) ရပ်ကွက် သို့သွားရောက်၍ ​ပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ၏ ကြီးကြပ်စီစဉ်မှုဖြင့် ဇွန်လ ၄ ရက်နေ့နှင့် ၆ ရက်နေ့ များတွင် ရွှေညောင်မြို့နှင့်စဉ်ဟယ်ကျေးရွာနေ ပြည်သူများအား အိမ်ခြံဥယျဉ် စိုက်ပျိုး နိုင်ရန် ဟင်းသီးဟင်းရွက်ပျိုးပင်၊ မျိုးစေ့များနှင့် စိုက်ပျိုးနည်းပညာပေး လက်ကမ်း စာစောင်များ ဆက်လက်ဖြန့်ဝေရန် စီစဉ်ထားကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စိုးညွန့်ရွှေ (ပြန်/ဆက်)

HOT NEWS
January 4,