အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ မြင်းခြံမြို့မှ ပုဂံညောင်ဦးသို့ ဆက်လက်သွားရောက်

အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ မြင်းခြံမြို့မှ ပုဂံညောင်ဦးသို့ ဆက်လက်သွားရောက်


Ministry of Information/ စစ်ကိုင်း / January 19, 2020
image_latest


မြင်းခြံ  ဇန်နဝါရီ  ၁၉

အီတလီနိုင်ငံ၊ Veneto ဒေသ Porto Viro ခရီးသည် (၄) ဦးပါ စက်ဘီးစီးအဖွဲ့သည် မြင်းခြံမြို့မှ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးသို့ ယနေ့ နံနက်(၈:၂၀)နာရီ အချိန်က စတင် ထွက်ခွာ ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အီတလီနိုင်ငံသား Mr. MAURO GARBIN, Mr. VINCENZO MANCIN, Mr. VITTORIO CACCIATORI, Mr. MARIO MANTOVAN တို့ (၄) ဦးသည် မြင်းခြံမြို့ "မာလာဟေဝန်မြိုင်" ပန်းခြံအတွင်း နံနက်စာ စားသောက်ပြီး မြန်မာ့ရိုးရာ သနပ်ခါးကို စိတ်ဝင်စား၍ ကိုယ်တိုင်သွေးခြင်း ၊ လိမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် အီတလီနိုင်ငံသား ကမ္ဘာလှည့် စက်ဘီးစီးအဖွဲ့ကို ကြိုဆိုရန် မြင်းခြံမြို့သို့ ရောက်ရှိလာသော ပုဂံညောင်ဦး စက်ဘီးစီးအဖွဲ့နှင့် မြင်းခြံ စက်ဘီးစီး အဖွဲ့တို့ "ဗိုလ်ချုပ်" ကြေးရုပ်ရှေ့တွင် အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီး အဖွဲ့နှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပုဂံညောင်ဦးသို့ စတင်ထွက်ခွာခဲ့ကြသည်။ အီတလီနိုင်ငံသား ကမ္ဘာလှည့် စက်ဘီးစီးအဖွဲ့၊ မြင်းခြံစက်ဘီးစီးအဖွဲ့နာယက ဦးမြမောင် ဦးဆောင်သောအဖွဲ့နှင့် ပုဂံ ညောင်ဦးစက်ဘီးစီးအဖွဲ့ဉက္ကဋ္ဌ ဦးသိန်းထိုက်ဦးဆောင်သော အဖွဲ့တို့မှ စုပေါင်း၍ စက်ဘီးစီးနင်းခဲ့ ကြရာ ဆင်တဲဝချောင်းကူးတံတားထိပ်တွင် ခဏတာရပ်နားပြီး အီတလီနိုင်ငံသား ကမ္ဘာလှည့် စက်ဘီးစီး အဖွဲ့မှမြင်းခြံစက်ဘီးစီးအဖွဲ့ကို လိုက်လံနှုတ်ဆက်၍ ပုဂံညောင်ဦးစက်ဘီးစီးအဖွဲ့နှင့် ဆက်လက် ထွက်ခွာသွားကြသည်။  ပုဂံညောင်ဦး စက်ဘီးစီးအဖွဲ့ဉက္ကဋ္ဌ ဦးသိန်းထိုက်ကလည်း မိမိတို့နိုင်ငံ၏ သဘာဝအလှများကိုပြသပေးခြင်း ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ အမွေအနှစ် များကိုပြသခွင့်ရခြင်း ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရခြင်းတို့ကြောင့် ဝမ်းသာပါကြောင်း တို့ကိုပြောပြခဲ့ သည်။

အဆိုပါ  အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ကို အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးဖြိုးအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်သူနှင့် ကြက်ခြေနီအဖွဲ့များ၊ အဖြူရောင်လက်များ ပရဟိတအသင်း၊ မြင်းခြံစက်ဘီး ချစ်သူများအဖွဲ့မှ နာယက ဦးမြမောင် ဦးဆောင်သော စက်ဘီးစီးအဖွဲ့တို့မှ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးသည့် အဖွဲ့သည် လမ်းတစ်လျှောက်တွင် ရှေးဟောင်း ယဉ်ကျေးမှုများ လေ့လာခြင်း၊ သဘာဝအလှများ လေ့လာကြည့်ရှု မှတ်တမ်းတင်ခြင်းနှင့် သနပ်ခါး စိုက်ပျိုးသော ခြံတို့ကိုလည်း ဝင်ရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)

HOT NEWS
January 4,