၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ တစ်သက်တာဆုကို စာရေးဆရာကြီး ဦးတင်မောင်မြင့်နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့ရရှိ

၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ တစ်သက်တာဆုကို စာရေးဆရာကြီး ဦးတင်မောင်မြင့်နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့ရရှိ


Ministry of Information/ ရန်ကုန် / November 14, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာရေးဆရာကြီး ဦးတင်မောင်မြင့်နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့အား ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင် များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်။

ထိုနည်းတူ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကိုစိစစ်ရွေးချယ်ခဲ့ ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေး ဆရာများ၏အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ဂျူးရေးသားသည့်သက်တံတို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ ခြုံလွှာ ၊စာအုပ်(ဂျူးစာပေတိုက်)၊ ဝတ္ထုတိုဆုတွင် မြစ်ကျိုးအင်းရေးသားသည့် မျှော်လင့်ခြင်းကို များတဲ့ညနေစာအုပ် (မဟာ စာပေ တိုက်)၊ ကဗျာဆုတွင် ကိုသန်းထွန်း ရေးသားသည့် ညဉ့်ပုံပြောသူစာအုပ် (နှစ်ကာလများ စာပေ တိုက်)၊ စာပဒေသာ ဆုတွင် မသန်းသန်း(မန်းတက္ကသိုလ်) ရေးသားသည့် လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန်သူ စာအုပ် (Wisdom House စာပေတိုက်)၊ ဘာသာပြန်(ရသ)ဆု တွင်William Golding ၏ Lord of the Files ကို ဝေယံဘုန်းပြန်ဆိုသည့် မိစ္ဆာကျွန်း စာအုပ် (ကံ့ကော်ဝတ်ရည်စာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် မြဝင်း (ဒဿန) ရေးသားသည့် ဇော်ဂျီ၏ ရသပညာစာအုပ် (ပဉ္စဂံစာပေတိုက်)၊သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် မောင်ကျေးရေ (ဦးမြင့်သိန်း) ရေးသားသည့် မြေအောက်ရေနှင့် ရေအရေးစာစုများ စာအုပ် (စိတ်ကူးချိုချို စာပေ တိုက်)၊နိုင်ငံရေးစာပေဆုတွင် အောင်မြင့်ဦး (မဟာဝိဇ္ဇာ) ရေးသားသည့် မြန်မာ့နိုင်ငံ ရေးသမိုင်းထဲက ပြည်သူ့ရဲဘော်စာအုပ် (လောကသစ် စာပေတိုက်)၊ အင်္ဂလိပ် ဘာသာ(သုတ)ဆုတွင် Kyaw Zwa Moe ရေးသားသည့် The Cell, Exile and The New Burma စာအုပ်(New Myanmar Publishing House စာပေတိုက်)၊ ရသစာတမ်း(အက်ဆေး) ဆုတွင် မင်းချမ်းမွန် ရေးသားသည့် သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေးစုစည်းမှုစာအုပ် (ရှင်မတောင်စာပေတိုက်)တို့ကို ရွေးချယ် ကြောင်း ကြေညာသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသား စာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင် များ နှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင် အဆင့်၊အမျိုးသားစာပညာရှင်များနှင့် ပုဂ္ဂိုလ်၅၄ ဦးဖြင့် တင်အဆင့်အတည်ပြု အဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉၊ ၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီတယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၈) လက်မ ရောင်စုံ | ဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေး ရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထား ကြောင်း သိရသည်။

အဆိုပါဆုများကို ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု ၊ နှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

HOT NEWS
January 4,