နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေအိမ်၌ကျင်းပသည့် ခရစ်တော်မွေး နေ့(ခရစ္စမတ်)ဝတ်ပြုဆုတောင်းခြင်းနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းနေ့လယ်စာ စားပွဲသို့ တက်ရောက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေအိမ်၌ကျင်းပသည့် ခရစ်တော်မွေး နေ့(ခရစ္စမတ်)ဝတ်ပြုဆုတောင်းခြင်းနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းနေ့လယ်စာ စားပွဲသို့ တက်ရောက်


Ministry of Information/ နေပြည်တော် / December 29, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ် စာစားပွဲကိုယနေ့ မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏နေအိမ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြသည်။
နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ဇနီးဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီးဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် နှင့်ဇနီးဒေါ်ဌေးရီ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အမျိုး သားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့ ၏ ဇနီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ သိက္ခာတော်ရ ဆရာတော်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ နှင့်မိသားစုတို့က ကြိုဆို နှုတ်ဆက်ကြသည်။
နေ့လယ်စာစားပွဲတွင် နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာ တော်ရဆရာတော် ဒေါက်တာ တင်မောင်အေးက ခရစ္စမတ် ဆုမွန်ကောင်း တောင်းဖွင့်လှစ် ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်အကြီး အကဲများ နှင့် နိုင်ငံသူ နိုင်ငံ သားများအတွက် ဘုရားသခင်ကောင်းချီးမင်္ဂလာရရှိစေရန် ဆုတောင်း မေတ္တာ ပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့် နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ခရစ္စမတ်အထိမ်းအမှတ်ကိတ်ကို အတူတကွ လှီးဖြတ်ပေး ကြသည်။ ယင်းနောက် နေ့လယ်စာစားပွဲသို့ု႔ တက်ရောက်လာကြ သူများက ခရစ္စမတ် တေးသီချင်းကို သီဆိုကြသည်။
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးချမ်းခေါ က ကျေးဇူးတော်ချီးမွမ်း၍ ဆုတောင်း မေတ္တာပို့သသည်။ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက် လာကြသူများက နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။
နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်တို့ သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,