ချင်းပြည်နယ်တရားလွှတ်တော်ရုံး ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် တက်ရောက်

ချင်းပြည်နယ်တရားလွှတ်တော်ရုံး ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် တက်ရောက်


Ministry of Information/ ဟားခါး / December 29, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

ချင်းပြည်နယ်တရားလွှတ်တော်ရုံး ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဟားခါး-ဖလမ်း- ကလေးလမ်းရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့် နေရာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်ထောင်စု တရားလွှတ် တော်ချုပ် တရားသူကြီး ဦးမြင့်အောင်၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ချင်းပြည်နယ် တရား လွှတ် တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဦးစိန်ထွန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယို၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ဆောက် လုပ်ရေး ဝန် ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်တို့က ပန္နက်တော်တင်တွင်း တော်ဝန်း ပေးကြပြီး အမွှေး နံသာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပန္နက်တော်တင် တွင်းတော် ဝန်း အောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ပေးပြီး ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံ ရိုက်ကူးကာ ရတနာရွှေမိုးငွေမိုး ရွာသွန်းပေး ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်တရား လွှတ်တော် အဆောက် အဦဆောက်လုပ်မည့် ပရဝုဏ်အား လှည့်လည်ကြည့်ရှုကာ လိုအပ် သည်များ ကို ဖြည့်စွက်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ ပြည်နယ်တရားလွှတ်တော် အဆောက်အဦကို တရားရုံးများ၏ ဂုဏ်သိက္ခာ မြှင့်တင် ရေး၊ တရားရုံးအင်္ဂါရပ် များနှင့်ညီညွတ်သည့် တရားရုံးအဆောက်အဦများ တည်ဆောက်ရေး ဟူသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ (၀.၈၈၇) ဧက ကျယ်ဝန်းသော မြေပေါ်၌ အလျား (၁၆၇) ပေ၊ အနံ ပေ (၁၂၀) ရှိ RC သုံးထပ်အ ဆောက်အဦ တည်ဆောက်သွားမည်ဖြစ်ပြီး တရားခွင် (၃) ခွင်၊ တရားသူကြီး နားနေခန်း (၄) ခန်း၊ တရားရေး အရာရှိများအခန်း၊ ဥပဒေအရာရှိများနားနေခန်း၊ ရှေ့နေများနားနေခန်း၊ လုံခြုံရေးအခန်း၊ သက်သေခံပစ္စည်း ထိန်းသိမ်းခန်း၊ စာကြည့်တိုက်ခန်း၊ အမှုတွဲထိန်းသိမ်း ခန်း၊ အစည်းအဝေးခန်း၊ ဧည့်ခန်း၊ မီဒီယာတွေ့ဆုံမေးမြန်းခန်း၊ အမှုလက်ခံခန်း၊ ငွေသွင်း/ မိတ္တူကူးခန်းများအား သတ်မှတ်အကျယ်အဝန်းနှင့်အညီ ဖွဲ့စည်းပါရှိကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက် အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူး အဖွဲ့(၆) က တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,