ထိုင်းနိုင်ငံ၌ မော်တော်ယာဉ်မီးလောင်မှုကြောင့် မြန်မာလုပ်သား ၁၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိမှု

ထိုင်းနိုင်ငံ၌ မော်တော်ယာဉ်မီးလောင်မှုကြောင့် မြန်မာလုပ်သား ၁၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိမှု


Ministry of Home Affairs/ နေပြည်တော် / October 22, 2018
ထိုင်းနိုင်ငံ ခေါင်ခွပ်မြို့နယ် လံစီခုံဒစ်(ချ်)ကျေးရွာအနီး၌ Toyota Commuter ယာဉ်မှာ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ မီးလောင်ကျွမ်း


ထိုင်းနိုင်ငံ၌ မော်တော်ယာဉ်မီးလောင်မှုကြောင့် မြန်မာလုပ်သား ၁၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိမှု

    ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ၀၃၅၀ အချိန် ထိုင်းနိုင်ငံ၊ ကံဖယ်ဖစ်ခရိုင်၊ ခေါင်ခွပ် မြို့နယ်၊ လုံစီခုံဒစ်(ချ်)ကျေးရွာအနီး၌ မဟာချိုင်မြို့ဘက်မှ ဘန်ကောက်မြို့ဘက်သို့ ထိုင်းနိုင်ငံသား နိုင်ခွန်းဝပ်စဲ့ဖူး(၅၅)နှစ်(စိစစ်ဆဲ) မောင်းနှင်လာသော ထိုင်းယာဉ်အမှတ်၊ 33-×××× Toyota Commuter ယာဉ်သည် ကားလမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ပြီး  မီးလောင်ကျွမ်းခဲ့ရာ ယာဉ်ပေါ်ပါ မြန်မာအလုပ်သမား မောင်ထက်လင်း(စိစစ်ဆဲ)ပါ၁၁ ဦး(စိစစ်ဆဲ)မှာ အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ပြီး မောင်လွင်မိုးသူ(စိစစ်ဆဲ)ပါ၄ ဦးနှင့် ယာဉ်မောင်းတို့မှာ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ သဖြင့် ကံဖယ်ဖစ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံ ခေါင်ခွပ်မြို့နယ် လံစီခုံဒစ်(ချ်)ကျေးရွာအနီး၌ Toyota Commuter ယာဉ်မှာ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ မီးလောင်ကျွမ်း

HOT NEWS
January 4,