ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ညစာစားပွဲ အခမ်းအနားကျင်းပ

ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ညစာစားပွဲ အခမ်းအနားကျင်းပ


Ministry of Information/ ရန်ကုန် / December 15, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်(MECA)က ကြီးမှူးကျင်းပသည့် ခရစ္စမစ် အကြို ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ညစာစားပွဲ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေ ၅ နာရီ တွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ရပ်ကွက် အမှတ်(၁၆၆)ရှိ ယုံကြည် သူများ အသင်းတော်၌ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA)မှ တာဝန်ရှိသူ များက သမ္မာကျမ်း ဖတ်ကြားခြင်း၊ ချီးမွမ်းသီချင်း သီဆိုခြင်း၊ အဖွင့်ဆုတောင်းခြင်း၊ အကြိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောခြင်း တို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ်တော်၏ မွေးနေ့တော်အတွက် နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာ မန်းပါမာစတန်က ခရစ္စမတ်ဒေသနာ ဟောကြားပြီး၊ ဆရာစံပီးနှင့် အဖွဲ့က အထူးသီချင်း သီဆိုကာ၊ Bishop Dr. Ral Buai က အထူးခရစ္စမတ် ဒေသနာဟောကြားသည်။

ယင်းနောက် Rev. Dr အောင်မန်းက အထူးဆုတောင်းခြင်း၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) ဥက္ကဋ္ဌ Rev. Dr အေးမင်းက ခရစ္စမတ်ဒေသနာ ဟောကြားခြင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် Rev. Dr ဦးညွန့်လှက ဓမ္မသီချင်းသီဆိုခြင်းတို့ ပြုလုပ် ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,