ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်


Ministry of Information/ နေပြည်တော် / December 28, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လ ရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ ပြာသိုလအတွက် ခွါညိုပန်းနှင့် မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ မြန်မာ့ သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ ပြာသိုလဆန်း (၁)ရက် (တနင်္ဂနွေ) နေ့၊ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေး သွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့၌ ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ် ကြောင်းသိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,