(၂၄)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

(၂၄)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


Ministry of Home Affairs/ နေပြည်တော် / December 29, 2018
(၂၄)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


(၂၄)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၉
    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို စွမ်းရည်ထက်မြက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာသန်စွမ်းစေရန်၊ ခိုင်မာသည့်စိတ်ဓာတ်ရှိပြီး စည်းကမ်း ကောင်းမွန်ရန်၊ အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအဆင့်မီရဲတပ်ဖွဲ့ဖြစ်လာစေရန် အဖက်ဖက်မှ မြှင့်တင်ဆောင်ရွက်နေချိန်တွင် ရဲတပ်ဖွဲ့ဝင်တိုင်းသည် လက်ရုံးရည်၊ နှလုံးရည် (၂)ရပ်စလုံး ပြည့်စုံ နေစေရန်၊ အမိန့်နာခံမှု၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှု၊ လျင်မြန်တက်ကြွစွာလှုပ်ရှားနိုင်မှု၊ ပင်ပန်းဆင်းရဲဒဏ်ခံနိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အဝရရှိရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ (၂၄)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် လက်နက်/ခဲယမ်း အပြည့်အစုံ ပါ၀င်၍ အပြေးတက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၅ နာရီတွင် အမှတ်(၂၀) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား သေနတ် ပစ်ဖောက်တာလွှတ်ပေးခဲ့သည်။
    အဆိုပါပြိုင်ပွဲသို့ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့နှင့် လက်အောက်ခံတပ်ဖွဲ့ခွဲများ၊ လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့နှင့် လက်အောက်ခံတပ်ဖွဲ့ခွဲများ၊ သီးခြားတပ်ဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များ၊ ရဲလေ့ကျင့်ရေးကျောင်းများမှ စုစုပေါင်း(၄၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရဲချုပ်မှ ပထမဆုရရှိသည့် အမှတ်(၁၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအသင်းအားလည်းကောင်း၊ ဒုတိယရဲချုပ် နှင့် ရဲအရာရှိကြီးများမှ ဒုတိယဆုရရှိသည့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့အသင်း၊ တတိယဆုရရှိသည့် အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအသင်းနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်း(၁၂)သင်းတို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(၂၄)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

 

HOT NEWS
January 4,