အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်/အတည်ပြုရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်/အတည်ပြုရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၄

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူ့အခွင့်အရေး အခြေအနေများကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် အစီရင်ခံစာအပေါ် အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော လုပ်ငန်း ကော်မတီနှစ်ရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
▲▲အမြင်ချင်းဖလှယ်ဆွေးနွေး▲▲
အဆိုပါလုပ်ငန်းကော်မတီ နှစ်ရပ်အနက် ပထမလုပ်ငန်းကော်မတီမှာ အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်/အတည်ပြု ရေးဆိုင်ရာ အကြံပြုတိုက်တွန်းချက် ၄၁ ရပ်အား အကောင်အထည်ဖော်ရေး အတွက်လည်းကောင်း၊ ဒုတိယလုပ်ငန်းကော်မတီမှာ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အကြံပြုတိုက်တွန်းချက် လေးရပ်အား အကောင်အထည်ဖော်ရေးအတွက် လည်းကောင်း တာဝန်ပေးအပ်ထား ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ် ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ အတည်ပြုပါဝင်ရေး၊ အရပ်ဘက်နှင့်နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်သို့ လက်မှတ်ရေးထိုးရေးနှင့် ယင်းစာချုပ်များဆိုင်ရာ အသိပညာပေးသင်တန်းများ ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
 

HOT NEWS
January 4,