ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း များအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းတွင် လောလောဆယ် လိုအပ်လျက်ရှိသော အထက်တန်းပြ ဆရာ(၁၁)ဦးနှင့် ဝန်ထမ်း(၄)ဦး အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကျိုက်ထိုမြို့နယ် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် လိုအပ်လျက်ရှိ သော အထက် တန်းပြဆရာ၊ ဆရာမများအား ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် အထက်တန်းပြ ရာထူးတိုး/ အပြောင်းအရွေ့များ ဆောင်ရွက် သည့်အချိန်တွင် ဆရာ၊ ကျောင်းသား အချိုး အပိုအလိုအရ ဆန္ဒပြုဒေသနှင့် ကိုက်ညီပြီး ဘာသာရပ်လိုအပ်ချက် အပေါ်မူတည်၍ စိစစ်ဖြည့်ဆည်း ခန့်ထားပေးသွားမည် ဖြစ်ပါ ကြောင်းနှင့် ကျောင်း/ ရုံးဝန်ထမ်းလစ်လပ် ရာထူးနေရာများတွင် ဆန္ဒပြုဒေသနှင့် ကိုက်ညီပြီး ရာထူးတိုး/ အပြောင်းအရွေ့ တန်းစီဇယားရမှတ် အများ/အနည်းအရ စိစစ် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း ၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့တွင် ပညာရေးကောလိပ်ကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း များ တည်ထောင်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင် စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး၏ မူလတန်းကျောင်းသား ဦးရေသည် တစ်နိုင်ငံ လုံးတွင် အများဆုံးဖြစ်သကဲ့သို့ မူလတန်းပြဆရာဦးရေ သည် တစ်နိုင်ငံလုံးတွင် အများဆုံးလိုအပ်နေသည့် တိုင်းဒေသကြီး ဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် နောက်ပိုင်းတွင်သာ လိုအပ်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပညာ ရေးဒီဂရီကောလိပ်များ တိုးချဲ့ဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်သည့် အတွက် လတ်တလောတွင်  ပညာရေးကောလိပ်အသစ် (၁)ခု ဟင်္သာတမြို့တွင် တိုးချဲ့ဖွင့်လှစ် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွင့်လှစ်ထား ရှိမှုအခြေအနေမှာ လုံလောက်မှုရှိနေခြင်း၊ စိုက်ပျိုးရေးသိပ္ပံများကို ကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ရန် ပိုမိုသင့်လျော်ခြင်း၊ စိုက်ပျိုးရေးသိပ္ပံများမှ အလယ်အလတ် အဆင့်စိုက်ပျိုးရေးပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးရာတွင် အရေ အတွက်ထက် အရည်အချင်းပြည့်ဝသူများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လက်ရှိအခြေအနေတွင် ဟင်္သာတမြို့တွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသစ်ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘဲလမုကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်း ကျောင်း (ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ဘဲလမုကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းသည် အထက်တန်းကျောင်းခွဲအဖြစ် ကျောင်းအဆင့်တိုးမြှင့်ပေးရန်အတွက် ကျောင်းသားဦးရေ သတ်မှတ်ချက် မပြည့်မီသော်လည်း အနီးဆုံး အထက်တန်းအဆင့် သင်ကျောင်းဖြစ်သော မော့ကနင် အခြေခံပညာအထက်တန်းကျောင်းနှင့် ၁၀ မိုင်ခန့် ကွာဝေးသည်ကို တွေ့ရှိရပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူနှင့် ကိုက်ညီသည့်အတွက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း ကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရန် ဆက်လက် စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း ၏ ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ မှောင်ကွန်(၂)ကျေးရွာ အခြေခံပညာ မူလတန်း(လွန်) ကျောင်းအား အခြေခံ ပညာအလယ်တန်းကျောင်း (ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က အဆိုပါ ကျောင်းတွင် ကျောင်းသား ဦးရေပြည့်မီမှု မရှိသော်လည်း အနီးဆုံး အလယ်တန်းဆင့်သင်ကျောင်းဖြစ်သော သီးဘွာလ် အခြေခံပညာအထက်တန်းကျောင်းနှင့် ၁၁ မိုင်ခန့် ကွာဝေးပါကြောင်း၊ ထို့ကြောင့် သတ်မှတ်မူနှင့် ကိုက်ညီမှုရှိသည့်အတွက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းခွဲအဖြစ် ကျောင်းအဆင့် တိုးမြှင့်ပေးရန် ဆက်လက်စီစဉ်ဆောင် ရွက်ပေးသွားမည် ဖြစ်သော်လည်း အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူဦးရေ သည် လွန်စွာနည်းပါးသည့်အတွက် ကျောင်းသားဦးရေ အပေါ်တွင်သာ အလယ်တန်း ဆရာကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) မှ ဦးကျော်တုတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက် တာမြတ်ဥာဏစိုး က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာ သော မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယင်းဥပဒေ ကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်

HOT NEWS
January 4,