ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ


Ministry of Information/ နေပြည်တော် / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ  ၁၅

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပရာ မေးခွန်း ၇ ခု မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်း ၁ ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင် ရွက်ကြသည်။

အစည်းအဝေးတွင် ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ကျောက်တော် မြို့နယ်ရှိ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်း ဦးပိုင်အမှတ် ၆၅၉ ကွင်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မြေပြင်အခြေအနေ ကွာခြားချက် များကို ပြန်လည်စိစစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ကျောက်တော်မြို့နယ် အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်း ဦးပိုင်အမှတ် ၆၅၉ ရှိ စားကျက်မြေ ဧက ၃၀၊ ဥယျာဉ်ခြံမြေ ဧက ၉၀၊ လယ်ယာမြေ ၁၃၂ ဒသမ ၇၀ ဧက စုစုပေါင်း ၂၅၂ ဒသမ ၇၀ ဧကအား ဒေသခံတောင်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် တစ်စုံတစ်ရာ စဉ်းစားဆောင်ရွက် ပေးနိုင်ပါရန် ကာကွယ်ရေးဝန်ကြီး ဌာနသို့ တင်ပြခဲ့ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေများအနက် ၁၃၂ ဒသမ ၇၀ ဧကအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်မြေနေရာ သည် တပ်ရင်းအတွက် အမှန်တကယ်လိုအပ်သည့် မြေဧရိယာကိုသာ တိုင်းတာတွက် ချက် ရယူထားခြင်း၊ တပ်မှစတင်သိမ်းဆည်းစဉ် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော စားကျက် မြေများဖြစ်ပြီး အခဲမဲ့လွှဲပြောင်းပေးခဲ့ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါ ကြောင်း၊ ကျောက်ထုတ်လုပ်နေမှုများမှာ တပ်ဧရိယာပြင်ပရှိ မြေနေရာများတွင် ဒေသခံ ပုဂ္ဂလိက လုပ်ငန်းရှင်များက လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ ခွင့်ပြုချက် ရယူပြီး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ တပ်ပိုင်မြေများအတွင်း ကျောက်ထုတ်လုပ်ရောင်းချမှုများ မရှိပါကြောင်း ဖြေကြားသည်။

ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ယခင်ငြိမ်းချမ်းရေး ရယူခဲ့သော ဒေသဖြစ်သည့် ပန်ဝါမြို့နှင့် ချီဖွေမြို့သို့ ဆက်သွယ်ထားသောလမ်းကို ခွဲကျောက်စီခင်းလမ်း ဖောက် လုပ်ခဲ့ပြီး ယခုအချိန်တွင် လုံးဝပျက်စီးနေပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါလမ်းပိုင်း၏ (၀) ကီလိုမီတာမှ ၁၇ ဒသမ ၇၀ ကီလိုမီတာအထိ ၁၇ ဒသမ ၇၀ ကီလိုမီတာအရှည်နှင့် ၄၇ ဒသမ ၀၈ ကီလိုမီတာမှ ၆၄ ဒသမ ၇၈ ကီလိုမီတာအထိ ၁၇ ဒသမ ၇၀ ကီလိုမီတာအရှည် စုစုပေါင်း ၃၅ ဒသမ ၄၀ ကီလိုမီတာ အရှည်အား အကျယ် ၁၀ ဒသမ ၄ မီတာ တောင်ကမ်းပါးယံချဲ့ခြင်းနှင့် ဗြုန်းကျောက်ခင်းခြင်း၊ အကျယ် ၆ ဒသမ ၁ မီတာ ခွဲကျောက်ခင်းခြင်း၊ အကျယ် ၅ ဒသမ ၅ မီတာ ကွန်ကရစ် လမ်းခင်းခြင်း၊ ကျောက်စီရေမြောင်းအရှည် ၃၂၀၀ မီတာ၊ ကျောက်စီမြေထိန်းနံရံအရှည် ၁၄၀ မီတာ၊ အရှည် ၁ ဒသမ ၅၂ မီတာ ကွန်ကရစ်တံတား ၈၄ စင်း၊ အရှည် ၃ ဒသမ ၀၅ မီတာ ကွန်ကရစ်တံတား ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်  လျာ ထားတင်ပြပြီး ရန်ပုံငွေခွဲဝေ ရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်း၏ လားရှိုးမြို့ မြို့တွင်းလမ်း တိုးချဲ့ပေးစေလိုမှု၏ ဆက်စပ်မေးခွန်း ဖြေကြားချက်နှင့်ပတ်သက်၍ ဆောင်ရွက်ပေး နိုင်မှုအပေါ် သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါလမ်းအား အဆင့်မြှင့်တင် တည်ဆောက်ပါက လျှပ်စစ်မီးတိုင်၊ ဆက်သွယ်ရေးတိုင်၊ စည်ပင်သာယာရေးကော်မတီက ဆောင်ရွက် ထားသည့် ပလက်ဖောင်းများ ရွှေ့ပြောင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဝက်ဝံရွာမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့အထိ လမ်းအရှည် ၂၀၅ မိုင်ခန့်အား အကျယ် ၄၈ ပေ ၄ လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် လားရှိုးမြို့တွင်းလမ်းအား နိုင်လွန်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး (ခ) ဦးအုန်းခင်၏ မင်းလှမြို့နယ် တောင်ဦး ကျေးရွာအနီး ရွာဦးထိပ်မှ ဖြတ်သန်းစီးဆင်းနေသောချောင်းအား ရေကျော် (သို့) တံတားတည်ဆောက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ် တို့ကို ဆက်သွယ်သော ထိပ်စွန်း - သုံးခွ - (ကျောက်ဖျာလေး) လပွတ္တာလမ်းပေါ်ရှိ ရေပေါ်ကြီးမှ သစ်ပုတ်ထိပ်ကမ်းအထိ ဖောက်လုပ်ရန် ကျန်ရှိနေသေးသော မြေသားလမ်း (၅)မိုင်ကို လာမည့်ဘတ်ဂျက်နှစ်တွင် စတင်ဖောက်လုပ်နိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင် ၏ မတူပီ-ပလက်၀ လမ်းပေါ်ရှိ ကုလားတန် မြစ်ကူးတံတား (ပလက်၀) တည်ဆောက်ရေး စီမံကိန်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ထပ်မံလိုအပ်ရန်ပုံငွေအား ပြည်ထောင်စု ရန်ပုံငွေမှ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ ပေါက်တောမြို့နယ်၊ အလယ် ဖရုံကာကျွန်း မြင့်ဂါ-ဖားဒူ ကားလမ်းပေါ် ငရုတ်ကောင်း ကျေးရွာအနီးရှိချောင်းကို ဖြတ်၍ သံကူကွန်ကရစ်တံတား တစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းနောက် လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အဓိကကျသည့် ကျေးလက်နေ ပြည်သူလူထု၏ လူနေမှု ဘ၀ မြှင့်တင်နိုင်ရန် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သော ကျေးလက် လမ်း၊ တံတားများ တည်ဆောက် အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းသည်။

အဆိုတင်သွင်းရာတွင် ဦးဇော်မင်းသိန်းက ကျေးလက်နေပြည်သူများ၏ လူမှု စီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ လယ်ယာထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက် ကွန်ရက်လမ်းများကိုအသုံးပြု၍ ဆက်သွယ်သွားလာ ကူးလူးဆက်ဆံနေကြရပါကြောင်း။

မြေသားလမ်း ရွံ့တောဗွက်တောထဲ သွားလာနေရသော ကျေးရွာများ မြောက်မြား စွာရှိနေဆဲဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများ ရာသီမရွေးသွားလာနိုင်မှသာ ကျေးလက် နေပြည်သူလူထု၏ လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်း၊ ကျေးရွာတစ်ရွာချင်း ဖွံ့ဖြိုး လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအပြင် ယခုလက်ရှိ ဆောင်ရွက်တော့မည့် လျှပ်စစ်မီးသွယ်တန်းရောက်ရှိခြင်း အကျိုးကျေးဇူးများပါ ပူးတွဲအောင် မြင်ပြီး အကျိုးခံစားရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအများစု အကျိုးရှိစေမည့် နိုင်ငံတော် က ချမှတ်ထားသည့် မူဝါဒများနှင့်ကိုက်ညီသည့် ပြည်သူများအတွက် အလိုအပ်ဆုံး လမ်းများ၊ တံတားများပေါ်ထွန်းရန် လိုအပ်နေပြီဖြစ်ပါကြောင်း ထည့်သွင်းဆွေးနွေး တင်ပြသည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ထို့ပြင် ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ ကြမ်း”နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ရယူကြပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက် ၄၃ ချက်အား ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူထက်

HOT NEWS
January 4,