ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေး နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအသီးသီးမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် အချက်များကို အချင်းချင်း အပြန်အလှန်လေးစားယုံကြည်မှုအပေါ်အခြေခံ၍ ရင်းနှီးချစ်ခင်မှု ဖြင့် ညှိနှိုင်းဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်ခြင်းအားဖြင့် ပါတီ ငယ်များအနေဖြင့်လည်း ပြင်ဆင်ရေးတွင်ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အရေးကို တန်းတူ ရည်တူရရှိကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ၊ အစုအဖွဲ့များအလိုက် ကြိုတင်ဖြန့်ဝေထားသည့် ဖွဲ့စည်းမိန့်(မူကြမ်း)ပါ ဦးတည်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ ရပိုင်ခွင့်နှင့်သက် တမ်းတို့နှင့်စပ်လျဉ်း၍ အပြုသဘောအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်းအဖွင့် အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက ဖေဖော်ဝါရီ ၁၃  ရက် တွင် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ၊ အစုအဖွဲ့များသို့ ကြိုတင်ဖြန့်ဝေပေးထားသည့် ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာမူကြမ်းနှင့်ပူးပေါင်းကော်မတီတွင် ပါဝင် ဖွဲ့စည်းရန်အမည်စာရင်းရရှိထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဆွေးနွေးတင်ပြ ချက်များအပေါ် ပြန်လည်သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာ စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)

HOT NEWS
January 4,