ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / April 09, 2019
image_latest


နေပြည်တော် ဧပြီ ၈

 

ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန် ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင် စတင် ထုတ်ပေးသည့် ဇန်နဝါရီ ၂ ရက်မှ မတ် ၃၁ ရက်အထိ Operator ၆၃၄၁၉ ဦးနှင့် အသုံးပြုသည့် ယာဉ်စီးရေ ၉၁၆၆၉ စီးအား လုပ်ငန်းလိုင်စင်များ ထုတ်ပေးနိုင်ခဲ့ပြီး အခက်အခဲများ၊ ပြဿနာများ၊ နှောင့်နှေး ကြန့်ကြာမှုများ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် ကြုံတွေ့ခဲ့ရသော်လည်း ၎င်း အခက်အခဲများကို အချိန်တိုအတွင်း ကျော်လွှားနိုင်ရေးအတွက် ရုံးမိန့်များ၊ ညွှန်ကြားချက်များ ချက်ချင်းထုတ်ပြန်၍ ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ရေး ကိစ္စများကိုလည်း မှာကြား ဆွေးနွေးသည်။

 

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးများက ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့မှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေပါ ရည်ရွယ်ချက်များ ဖြစ်သည့် နိုင်ငံတော်အတွင်း ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ပုဂ္ဂလိက ခရီးသည်၊ ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံး ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,