ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး၊ မသန်စွမ်းသူများ အသင်းချုပ် နှင့် Open Society Foundation တို့မှ ကိုယ်စားလှယ်များက သီးခြားစီ လာရောက်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး၊ မသန်စွမ်းသူများ အသင်းချုပ် နှင့် Open Society Foundation တို့မှ ကိုယ်စားလှယ်များက သီးခြားစီ လာရောက်တွေ့ဆုံ


Ministry of Information/ နေပြည်တော် / February 15, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။
▲▲မိုင်းအန္တရာယ် အသိပေးလုပ်ငန်းများ▲▲
တွေ့ဆုံစဉ် နော်ဝေနိုင်ငံက ၂၀၁၉ ခုနှစ်အတွက် Mine Ban Treaty ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ရာ မိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ် အသိပေးဆိုင်ရာ လုပ်ငန်းများ၊ မိုင်းဒဏ် ခံစားခဲ့ရသူများအား ပြန်လည် ထူထောင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မတ် ၅ ရက်တွင် ကျင်းပမည့် Mine Treaty နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ အကြောင်းအရာများ၊ Mine Ban Treaty တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးရန် ဖြစ်နိုင်ခြေနှင့် ဆက်လက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှု လက်ရှိအချိန်ထိ အခြေအနေများ၊ အာဆီယံနိုင်ငံများ AHA Centre တို့ နှင့် ပူးပေါင်းဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
▲▲မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး▲▲
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုယ်စားလှယ် များနှင့် တွေ့ဆုံရာတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် နေ့စဉ် လှုပ်ရှားသွားလာမှုများအတွက် ဝန်ကြီး ဌာနနှင့် မသန်စွမ်းသူများအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များ၊ မသန်စွမ်းသူများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပြီးနောက် သက်ဆိုင်ရာကော်မတီ၊ လုပ်ငန်း ကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ထောင်စု အဆင့်တွင် သာမက တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင်ပါ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မသန်စွမ်း သူများအားထောက်ပံ့ခြင်း၊ အမျိုးအစားခွဲခြား၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်း ကိစ္စများနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
▲▲ပညာသင်ဆုပေးအပ်မည့် အခြေအနေ▲▲
Open Society Foundation အဖွဲ့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ ရာတွင် ရှေးဦးကလေးသူငယ်ပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ တစ်လ သင်တန်းမှ သုံးလ သင်တန်းသို့ ဖွင့်လှစ်နိုင်ရေး သင်ရိုးညွှန်းတမ်းရေး ဆွဲရေးဆောင်ရွက်ရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အဆိုပါသင်တန်းနှင့် ရှေးဦးကလေး သူငယ်စောင့်ရှောက်မှု ဆိုင်ရာ ဒီပလိုမာ သင်တန်းတို့အကြား ချိတ်ဆက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများ အတွက် လူတိုင်း အကျုံးဝင်ပညာရေးစနစ် ဖြစ်ပေါ်လာရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ မသန်စွမ်းသူများအတွက် လက် သင်္ကေတစနစ်ကို စံစနစ် တစ်ခုအဖြစ် သတ်မှတ်နိုင်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပညာသင်ဆုများပေးအပ်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
▲▲အလှူငွေပေးအပ်▲▲
ယမန်နေ့ နံနက်ပိုင်းကလည်း တိုက်ပွဲရှောင်ဒေသများတွင် သောက်သုံး ရေနှင့် ယင်လုံအိမ်သာများ အသုံးပြုရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အလှူရှင်များဖြစ် ကြသော မြတ်မေတ္တာမွန်ကုမ္ပဏီမှ ဒေါက်တာဝင်းမြင့်နှင့် ဇနီး အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး မိသားစုက အလှူငွေကျပ်သိန်း ၃၀၀ ကို လာရောက်ပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ဒေသများတွင် သောက်သုံးရေနှင့် ယင်လုံအိမ်သာလုပ်ငန်းများ အသုံးပြုရန် လာရောက်လှူဒါန်းမှုကို ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းငွေများ ကိုလည်း တိုက်ပွဲရှောင်ဒေသများတွင် အလှူရှင်များ၏ သဒ္ဓါစိတ်အတိုင်း ဆောင်ရွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
 

HOT NEWS
January 4,