Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း


Ministry of Information/ ​နေပြည်တော် / April 02, 2020
image_latest


နေပြည်တော်  ဧပြီ  ၂

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက မိမိတို့ အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေမှုများကို သိရှိရပြီး ယခုအထိမြန်မာနိုင်ငံတွင် COVID-19 လူနာ (၁၆) ဦးတွေ့ရှိခဲ့သည်ကို သိရှိရပါကြောင်း၊ COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရေးအတွက် ပြည်သူ့အကျိုးကို ရည်မျှော်ပြီး ဌာနဆိုင်ရာများ၊ ပါတီများ၊ လူထုလူတန်းစား အသီးသီးအားလုံးမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့ အနေဖြင့်လည်း တတ်စွမ်းသမျှ လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများမှ လှူဒါန်းငွေများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်နှင့်အညီ ပြင်ဆင် ဆောင်ရွက်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုလှူဒါန်းမှုများသည် COVID-19 လူနာများကုသမှုပေးနိုင်ရန် ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက်လည်း အသုံးချသွားမည်ဖြစ်သဖြင့် COVID-19 ဖြစ်စဉ်တွင်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင်များ ပေးအပ်လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယနေ့ လှူဒါန်းပွဲတွင် သမဝါယမဘဏ်လိမီတက် (CB Bank) မှ ကျပ် (၃၀၀) သိန်း၊ ဦးစိုးသိန်းနှင့် မိသားစု (Shwe Baho BRC Factory and Nyein Chan Thu company) မှ ကျပ် (၁၀၀) သိန်း၊ ဗဟိုသမဝါယမအသင်းနှင့် သမဝါယမအသင်းစုချုပ်များက ကျပ် (၁၃၀ ဒသမ ၈) သိန်း၊ ပြည်ပရောက်မြန်မာများနှင့် ပြည်တွင်းမှ စေတနာရှင်များက ကျပ် (၁၃၂) သိန်း၊ Luoyang Northern Ek Motorcycle Co.,Ltd (Dayang Motorcycle China )က ကျပ်သိန်း (၆၀) ၊ ဦးကျော်ဇင်ထွန်း (Autumn Flower Co.,Ltd) က ကျပ်သိန်း (၂၅) နှင့် ပြည်သူ့ပါတီက ကျပ်သိန်း (၅၀) နှင့် တစ်ကိုယ်ရည်ရောဂါ ကာကွယ်ရေးဝတ်စုံ (PPE) (၁၀၀)တို့ကို လှူဒါန်းခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,