E-Commerce Virtual Conference ကို စီးပွား/ကူးသန်း ဦးစီး၍ မေ ၂၈ ရက်နေ့တွင် ကျင်းပမည်

E-Commerce Virtual Conference ကို စီးပွား/ကူးသန်း ဦးစီး၍ မေ ၂၈ ရက်နေ့တွင် ကျင်းပမည်


Ministry of Commerce/ Naypyitaw / May 26, 2020


မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းမြှင့်တင်ခြင်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အနာဂတ်တွင် အလားအလာကောင်းများရှိသော အီလက်ထရွန်နစ် အသုံးပြုကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် Joint Statement on E-Commerce တို့တွင် ဝင်ရောက်ထောက်ခံခဲ့ပြီး E-Commerce ဆိုင်ရာ ဒေသတွင်းလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတွင်း e-commerce အသုံးပြုမှုကို အရှိန်အဟုန် မြှင့်တင်ရေး အတွက် အစိုးရ - ပုဂ္ဂလိက ဆွေးနွေးမှုများအား ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

COVID- 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) ပန်းတိုင် ၅ အရ အချိန်တိုအတွင်း အကောင်အထည်ဖော်ရမည့် E-commerce နှင့်စပ်လျဉ်းသော ဆောင်ရွက်ရန် စီမံချက် ငါးခုအား မြန်ဆန်စွာ စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်လည်း နည်းပညာအထောက်အပံ့များရရှိနိုင်ရေး ဆွေးနွေးလျက်ရှိပါသည်။

ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား အများပြည်သူ သိရှိစေရန်နှင့် စီမံချက် များအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအား စနစ်တကျဖော်ထုတ်နိုင်ရေး ရည်သန်၍ မြန်မာနိုင်ငံ၏ ပထမဆုံး E-Commerce Virtual Conference ကို ၂၀၂၀ ပြည့်နှစ်၊ မေလ  ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ Conference ၏ Theme မှာ “အကြပ်အတည်းကို ရင်ဆိုင်ကာ ရေရှည်ရှင်သန်နိုင်ဖို့ အီးကောမက်စ်ကို အရှိန်မြှင့်စို့” ဖြစ်ပါသည်။

Conference တွင် Session (၄) ခု ပါဝင်ပြီး Session 1 တွင် (CERP Action Plan 5.1.2 a) အရ လက်ကားစီးပွားရေးလုပ်ငန်းများက e-Commercemarketplaces/ platforms များတွင် ဝင်ရောက် ရောင်းချနိုင်ရေးအတွက် အားပေးဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးသွားမည်ဖြစ်ပါ သည်။ Session 2 တွင် CERP Action Plan 5.1.1 b အရ e-payment စနစ်မြှင့်တင် အသုံးပြုရေး အတွက် ဘဏ်များ၊ Payment Service Provider များနဲ့ ဆွေးနွေးခြင်းဖြစ်ပါသည်။

Session 3 တွင် CERP AP 5.1.2 b အရ အွန်လိုင်းမှ ဝယ်ယူသူများအတွက် last mile delivery services များအား အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် Delivery လုပ်ငန်းဆောင်ရွက်နေ သူများနှင့် ဆွေးနွေးခြင်း ဖြစ်ပါသည်။

Session 4 တွင် E-Commerce Eco-system ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရေးရာပိုင်းကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

Panel Session များတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် Industry Player များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

Conference ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင် တက်ရောက်သူများအနေနှင့် စိတ်ပါဝင်စားသည့် Session များအား ဝင်ရောက်နားဆင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Conference ၏ တက်ရောက်နိုင်သည့်ဦးရေမှာ (၄၅၀) ဦးဖြစ်ပါသဖြင့် လူဦးရေ ကန့်သတ်ထားမှုအရ First Come, First Served ဖြစ်ပါကြောင်းနှင့် တက်ရောက်လိုသူများအနေနှင့် Register ပြုလုပ်လိုသည့် အီးမေးလ်လိပ်စာအား digitaltradeunit.dot@gmail.com သို့ ပေးပို့ပေး နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ Agenda အသေးစိတ်အား ဤ Link -https://drive.google.com/file/d/19ih2slQ1w4b_YyNVAYIr6dVaz3O8IYtk/view?usp=sharing တွင် ကြည့်ရှုနိုင် ပါသည်။

HOT NEWS
January 4,