News
Latest News - 99968 items
Ministry of Home Affairs / Posted on November 16, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ လှဦး(၅၈)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ................................................................
Ministry of Home Affairs / Posted on November 16, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၅၉ မိုင် ၇ ဖာလုံနှင့် မိုင် ၆၀ ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ .......................................................................
Ministry of Home Affairs / Posted on November 16, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ .......................................................
Ministry of Home Affairs / Posted on November 16, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ၄၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၃)ရပ်ကွက်၌ ပိုင်ရှင် ကိုမင်းသိုက်ဈန်(၂၀)နှစ်၏ “ရွှေသစ်ရွက်” တာယာအမှုန့်ကြိတ်စက်ရုံတွင် အလျား ၄၈ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၄ ပေရှိ ကွန်ကရစ်ပေါင်းဖိုအတွင်း တာယာအဟောင်းများအား ပေါင်းရာမှ အပူလွန်ကဲပြီး တာယာများ အရည်ပျော်၍ မီးတောက်ထွက်ကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၈မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
Ministry of Transport and Communications / Posted on November 16, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
Ministry of Information / Posted on November 16, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
Ministry of Information / Posted on November 16, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)တို့သို့ ရောက်ရှိပြီး သက်ဆိုင်ရာကျောင်းရှိ သင်ကြားရေး ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံကာ ဆရာ ဆရာမများအနေဖြင့် ပြည်နယ်အတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းကိစ္စများအပါအဝင် ကျောင်းသား ကျောင်းသူများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
Ministry of Information / Posted on November 16, 2025
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက် ရောက်နေကြရမည်ဖြစ်ပါသည်။
Ministry of Information / Posted on November 16, 2025
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာသုတေသနဌာန၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပြန့်ပွားရေး၊ နည်းပညာစွမ်းရည်မြင့်မား ရေး ဆောင်ရွက်ရန် ပြောကြားသည်။
Ministry of Information / Posted on November 16, 2025
လေဘာပါတီ ဥက္ကဋ္ဌ ဦးမြင့်သန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
